မိုးသည်းထန်စွာရွာသွန်းသဖြင့် သစ်ပင်ပိပြီး ၇ တန်းကျောင်းသား အပါအဝင် လူနှစ်ဦးသေဆုံး

photo - Than Htay

မန္တလေး ၉ အောက်တိုဘာ

မန္တလေး-အောက်တိုဘာ ၉ မန္တလေးမြို့အမရပူရမြို့နယ်မြစ်ငယ် စံပယ်ရပ်ရှိ မီးရထား ဝန်ထမ်း လိုင်းခန်းပေါ်သို့ သစ်ပင်လဲကာ သားအဖနှစ်ဦးသေဆုံးခဲ့မှု အခုလ ၈ ရက် ညက ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းမီးသတ်ဦးစီးဌာနမှ သိရသည်။ အောက်တိုဘာလ ၈ ရက် ည ၇ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းသဖြင့် မြစ်ငယ် စံပါယ်ရပ်ရှိ ၁၀ ပေ ပတ်လည် မီးရထားဝန်ထမ်းလိုင်းခန်းပေါ်သို့ သစ်ပင်လဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

photo - Than Htay
''သစ်ပင်က တော်တော်ကြီးတယ်။ မိုးများတော့ သစ်ပင်က အမြစ်ကနေ လန်ပြီးလဲသွားတာ။ အိမ်ပိတဲ့ သတင်းရရချင်း မီးသတ်တပ်ဖွဲ့က သွားရောက်ကယ်ဆယ် ခဲ့ပါတယ်''ဟု မန္တလေးတိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သစ်ပင်လဲကျမှုကြောင့် ဝန်ထမ်းလိုင်းခန်းအိမ်အတွင်းမှ လူလေးဦးကို ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရပြီး ၄င်းတို့အထဲမှ နှစ်ဦးသေးဆုံးခဲ့ကြောင်း သိရသည်။ သစ်ပင်ပိသည့် အိမ်အတွင်းမှ အသက်ရှင်ကျန်ရစ်သည့် သားအမိနှစ်ဦးကို မန္တလေးအထွေထွေ ရောဂါကုဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မိုးသည်းထန်စွာရွာသွန်းသဖြင့် သစ်ပင်ပိပြီး ၇ တန်းကျောင်းသား အပါအဝင် လူနှစ်ဦးသေဆုံး မိုးသည်းထန်စွာရွာသွန်းသဖြင့် သစ်ပင်ပိပြီး ၇ တန်းကျောင်းသား အပါအဝင် လူနှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 10:22 Rating: 5
Powered by Blogger.