ရှမ်းလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ကြား တိုက်ပွဲဖြစ်ပြီး ရွာသား ၅ဝဝ ခန့် ထွက်ပြေးနေရ

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေရဲ့ တိုက်ပွဲကြောင့် ထွက်ပြေးလာသူတွေကို ၂၀၁၈၊ အောက်တိုဘာ ၂၇ ရက်နေ့က တွေ့ရ
ရှမ်းပြည်နယ် လားရှိုးမြို့နယ် မန်ပြိန်းကျေးရွာမှာ မနေ့ညနေ လေးနာရီအချိန် ၀န်းကျင်ခန့်က ရှမ်းပြည်တိုးတက်ရေး ပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မန်ပြိန်းရွာအပါအဝင် အနီးအနားရွာတွေက ဒေသခံ ငါးရာလောက်ဟာ အီနိုင်းရွာဘုန်းကြီးကျောင်း၊ ကချင်ဘုရားကျောင်းနဲ့ လွယ်တောက်ကျေးရွာက အ.မ.က စာသင်ကျောင်းတွေမှာ ထွက်ပြေးခိုလှုံနေရပါတယ်။

SSPP တပ်တွေရွာထဲရှိနေချိန် RCSS တပ်တွေ ဝင်ရောက်လာပြီးနောက် တိုက်ပွဲဖြစ်တာလို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

မနေ့ ညနေပိုင်းမှာ မန်ပြိန်းရွာက ရွာသူကြီးရဲ့လက်ထောက် တစ်ဦးနဲ့ ဆယ်တန်းကျောင်းသား တစ်ဦးကို RCSS ဘက်က ခေါ်ယူမေးမြန်းတာတွေရှိခဲ့ပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ မန်ပြိန်းကျေးရွာသူကြီးက ပြောပါတယ်။

အဲဒီလို နေရပ်စွန့်ခွာထွက်ပြေးလာသူတွေဟာ ဒီမနက်မှာ အခြေအနေ အေးချမ်းရင် သူတို့ရွာကို ပြန်ဖို့ဖြစ်ပေမယ့် နှစ်ဖက်လက်နက်ကိုင်တွေဟာ မန်ပြိန်းရွာတဝိုက်မှာ စစ်အင်အား ထပ်ဖြည့်တင်းနေတယ်ဆိုတဲ့ သတင်းတွေကြောင့် နေရပ်မပြန်နိုင်ကြသေးပါဘူး။

လတ်တလောမှာ ထွက်ပြေးလာသူတွေအတွက် စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေပြီး စောင်နဲ့ အဝတ်အထည် တွေလည်း လိုအပ်နေပါတယ်။

RFA Burmese
https://www.rfa.org
ရှမ်းလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ကြား တိုက်ပွဲဖြစ်ပြီး ရွာသား ၅ဝဝ ခန့် ထွက်ပြေးနေရ ရှမ်းလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ကြား တိုက်ပွဲဖြစ်ပြီး ရွာသား ၅ဝဝ ခန့် ထွက်ပြေးနေရ Reviewed by THITHTOOLWIN on 19:23 Rating: 5
Powered by Blogger.