ကျောက်မဲမြို့တွင် ကျောင်းထိုင်ဆရာတော်တစ်ပါးကို အမည် မသိသူများက ကျောင်းဝင်းထဲဝင်ပြီး သေနတ်ဖြင့်ပစ်ခတ်၊ သေနတ်ဒဏ်ရာ ၇ ချက် ဖြင့် ဆရာတော် ပျံလွန်တော်မူ

ဓါတ်ပုံ - Saw Min Kyu (facebook)
ကျောက်မဲ၊ အောက်တိုဘာ ၅ ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ အမှတ်၇ ရပ်ကွက် ရှိ ရွှေကျင်ဘုန်းကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်အား ယနေ့၊ အောက်တိုဘာလ၅ ရက် ညနေ ၆း ၃၀ ခန့်က အမည် မသိသူများက ကျောင်းဝင်းထဲဝင်ပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ သေနတ်ဒဏ်ရာ ၇ ချက် ဖြင့်ဆရာတော် ပျံလွန်တော်မူခဲ့ကြောင်း ကျောက်မဲမြို့ နမ့်ခုံးပရဟိတ အဖွဲ့ တာဝန်ခံ ကိုစိုင်းကူးက ယနေ့ ည ပိုင်းတွင် AHN သို့ပြောသည်။

“ ဘယ်သူတွေ ပစ်သွားတယ်ဆိုတာ မသိရသေးပါဘူး “ ဟု ၄င်းကပြောသည်။

ဖြစ်စဉ်မှန်ကန်ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ တာဝန်ကျ ရဲမေတစ်ဦးကပြောသည်။

“ ဖြစ်စဉ် မှန်ပါတယ်ရှင့်၊ အသေးစိတ်ကို စုံစမ်းနေပါတယ် “ ဟု ၄င်းကပြောသည်။

ဓါတ်ပုံ - Saw Min Kyu (facebook)
သေနတ်ဖြင့်ပစ်ခတ်ခံရသည့်ဆရာတော် မှာ နမ့်ခုံးပရဟိတအသင်းကို တည်ထောင်ခဲ့သည့် ရှမ်းတိုင်းရင်းသားဆရာတော်တစ်ပါးဖြစ်ကြောင်း ၊ သေနတ်သမားများက ဆိုင်ကယ်နှစ်စီးဖြင့်ကျောင်းဝင်းထဲသို့ဝင်လာပြီး ပစ်ခတ်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ကျောက်မဲမြို့ခံ
တစ်ဦးကပြောသည်။

စိုင်းမင်း
The Asia Heart News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ