အီးယူက ကုန်သွယ်ရေးဆိုင်ရာ ဖိအား တိုးမြှင့်မယ့်အပေါ် အလေးမထားကြောင်း ဟွန်ဆင် တုံ့ပြန်

(ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆင် ကို တွေ့ရစဉ်)
ကမ္ဘောဒီးယားနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး အီးယူ ဥရောပသမဂ္ဂက ကုန်သွယ်ရေးဆိုင်ရာ ဖိအားတွေ တိုးမြှင့်မယ်လို့ ကြေညာခဲ့တဲ့အပေါ် ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆင် က အလေးမထားကြောင်း တုံ့ပြန်ပြသခဲ့ပါတယ်။

အခုအတိုင်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဆက်လက်ပေါ်ပေါက်နေမယ်ဆိုရင် ကမ္ဘောဒီးယားအနေနဲ့ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးအဖွဲ့ဖြစ်တဲ့ အီးယူ နဲ့ အထူး ကုန်သွယ်မှုဆိုင်ရာဆက်ဆံရေး ဆုံးရှုံးသွားလိမ့်မယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ပြောဆိုခဲ့ပါတယ်။

အီးယူအနေနဲ့ ကမ္ဘောဒီးယား နဲ့ ကုန်သွယ်ရာမှာ ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ပြုထားတာပါ။ အခုတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ၆ လ စောင့်ကြည့်ပြီး တိုးတက်မှုမရှိဘူးလို့ ယူဆရင် ၁၂ လ အတွင်း ကမ္ဘောဒီးယား နဲ့ ကုန်သွယ်ခွန် ကင်းလွတ်ခွင့် ရုပ်သိမ်းမှာဖြစ်ပါတယ်။

နှစ်နိုင်ငံကုန်သွယ်ရေးမှာ အထည်အလိပ်၊ သကြား နဲ့ တခြား ပို့ကုန်တွေအပေါ် ကုန်သွယ်ခွန်စည်းကြပ်တော့မှာလည်း ဖြစ်ပါတယ်။

အလားတူ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ကုန်သွယ်မှု ပိတ်ဆို့ဖို့ သင့်မသင့် စောင့်ကြည့်ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

မြန်မာနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံလုံးအပေါ် ပိတ်ဆို့အရေးယူဖို့ အသင့်ရှိကြောင်းလည်းပြောပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
အီးယူက ကုန်သွယ်ရေးဆိုင်ရာ ဖိအား တိုးမြှင့်မယ့်အပေါ် အလေးမထားကြောင်း ဟွန်ဆင် တုံ့ပြန် အီးယူက ကုန်သွယ်ရေးဆိုင်ရာ ဖိအား တိုးမြှင့်မယ့်အပေါ် အလေးမထားကြောင်း ဟွန်ဆင် တုံ့ပြန် Reviewed by THITHTOOLWIN on 09:49 Rating: 5
Powered by Blogger.