လုပ်ငန်းလိုင်စင်မရှိသဖြင့် မြိတ်ခရိုင်အတွင်းက ရေလုပ်သားများ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေကြရ


မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း၌ပြီးခဲ့တဲ့ရက်ပိုင်းကပင်လယ်ပြင်အတွင်း ကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင် လျက်ရှိတဲ့ မြိတ်ခရိုင်အတွင်းက ကျေးရွာများနှင့် မြို့ပေါ်ကွက် အချို့ကကင်းမွန်လှေနှင့်လှေလုပ်သား (၃၀) ဦး ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ထား ကြရ တယ်လို့သိရပါတယ်။

အဆိုပါဖမ်းဆီးထိန်းသိမ်းခံရခြင်း ပတ်သက်၍ ဒေသ တွင်းငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြသူတချို့ပြော ကြားရာမှာတော့ ကျွန်တော်တို့ဘဝတွေ ဘယ်လို အလုပ်အကိုင်တွေမျိုးနဲ့ မိသားစု ရပ်တည်နေကြရ မလဲဗျာ၊ ပုံစံအမျိုးမျိုးဖြင့် ဖိနှိပ်ခံနေရတယ်လို့ဘဲ့ မြင်တယ်၊ လှေဂရမ်/စက်ဂရမ်တွေလုပ်ရမယ် ဆိုလို့ အတတ်နိုင်ဆုံး လုပ်ငန်းလည်နိုင်အောင် ကြိုးစားပြီး လုပ်ဆောင်တယ် အခုဖမ်းတာက လုပ်ငန်းလိုင်စင် မရှိလို့ ဖမ်းတယ်လို့ဆိုပြန်တယ်၊ လုပ်ငန်းလိုင်စင် ရဖို့ ဆောင်ရွက်ပါမယ်လို့ တောင်းဆိုပေမယ့် သက်ဆိုင်ရာ က မထုတ်ပေးပါဘူး၊ မိသားစုစားဝတ်နေရေး အတွက် ဒီအတိုင်း ထိုင်နေလို့မရတဲ့ ကျွန်တော်တို့ ရေလုပ် သားတွေကရာသီအချိန်တန်ရင် ငါးဖမ်းစီပွားထွက်ရှာ တာပါပဲ။

ဒီလိုထွက်ရှာစားလို့ အခု ကျွန်တော့်တို့ ငါးဖမ်းလှေတွေနှင့် အတူ လှေလုပ်သားပြည်သူ ၃၀ကျော် တို့ဟာ အခုလက်ရှိဖမ်းဆီးထိန်းသိမ်း ခံနေရပြီ၊ သူတို့အနောက်က မိသားစုစားဝတ်နေ ရေးပညာရေး နေ့စဉ်ဘယ်လို ခက်ခဲဒုက္ခမျိုးတွေ ရောက်နေကြရတယ်ဆိုတာ သက်ဆိုင်ရာ တာဝန် ရှိသူတွေ ကိုယ်ချင်းမစာတတ်ကြတာလား၊ သိသိနဲ့ ဖိနှိပ်​ချုပ်​ချယ်​ နေတာလားဆိုတာ စဉ်းစားမတတ် တော့ပါဘူးခင်ဗျာ။ ယခင်က ကိုယ့်ဒေသ သံယံဇာတ ဒေသသားတွေ လွတ်လွတ်လပ်လပ်ရှာဖွေ လုပ်ကိုင် ခွင့်ရှိမယ်၊ ဂွေးကအစမကျန် ဖမ်းဆီးစားသောက် ခွင့်ရမယ် ဆိုတဲ့ ကတိကဝတ်တွေဟာ အခုချိန်က အိပ်မက်မက်နေသလိုဘဲ့။ လက်ရှိဘဝတွေကတခြား စီပါ နူရာဝဲစွဲ လှဲရာသူခိုးထောင်းတို့တွေရေလုပ်သား များဘွတွေကတော့ ဒုံရင်းကဒုံရင်းပါပဲ လို့ ကျွန်းနေ ဒေသခံတစ်ဦးကဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း ၎င်းရေလုပ်ငန်းလုပ်ကိုင်နေတဲ့ ကမ်းနီးငါးဖမ်း လုပ် ငန်း ရှင်များအနေဖြင့် သက်ဆိုင်ရာ အစိုးရဌာနမှ လုပ်ငန်းလိုင်စင် ပြုလုပ်ပေးခြင်းမရှိပါသဖြင့် လုပ်ငန်း အခက်ခဲ များနဲ့ရင်ဆိုင်နေကြရကြောင်းသိရသည်။

တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
https://www.facebook.com/myeik.secret.news
လုပ်ငန်းလိုင်စင်မရှိသဖြင့် မြိတ်ခရိုင်အတွင်းက ရေလုပ်သားများ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေကြရ လုပ်ငန်းလိုင်စင်မရှိသဖြင့် မြိတ်ခရိုင်အတွင်းက ရေလုပ်သားများ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေကြရ Reviewed by THITHTOOLWIN on 19:06 Rating: 5
Powered by Blogger.