လားရှိုးကို ဒုက္ခသည် နှစ်ရာလောက် ထွက်ပြေးလာ


 နမ္မတူ-လားရှိုး လမ်းပိုင်း မုံးရင်လမ်းခွဲအနီးမှာ RCSS နဲ့ SSPP တပ်တွေ ပစ်ခတ်မှုရှိနေတာကြောင့် နမ္မတူမြို့နယ် မိုင်းတောင်ကျေးရွာက ရွာသားနှစ်ရာလောက်ဟာ လားရှိုးမြို့ကို ထွက်ပြေးလာကြပါတယ်။


ထွက်ပြေးလာသူတွေကို လားရှိုးနဲ့ သီပေါက ပရဟိတအဖွဲ့တွေက ယာဉ် ၁၀ စီးလောက်နဲ့ ပို့ဆောင်ပေးနေပါတယ်။


ညပိုင်းမှာ ပစ်ခတ်သံတွေ မကြားတော့ပေမဲ့ နှစ်ဖက်တပ်တွေ စစ်ရေးလှုပ်ရှားမှုရှိနေပြီး တိုက်ပွဲတွေဆက်ဖြစ်လာနိုင်တဲ့အခြေအနေရှိနေပါတယ်။

Photo: Kan Thar/RFA
https://www.facebook.com/rfaburmese/
လားရှိုးကို ဒုက္ခသည် နှစ်ရာလောက် ထွက်ပြေးလာ လားရှိုးကို ဒုက္ခသည် နှစ်ရာလောက် ထွက်ပြေးလာ Reviewed by THITHTOOLWIN on 04:05 Rating: 5
Powered by Blogger.