ရန်ကုန်-မန္တလေးအမြန်လမ်း၌ ပရဟိတယာဉ်တိမ်းမှောက်၊ လေးဦးဒဏ်ရာရ


နေပြည်တော် - အောက်တိုဘာ ၃

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ စကားအင်းအမြန်လမ်းပိုင်း မိုင်တိုင် အမှတ် ၃၄ဝ/၃နှင့် ၃၄ဝ/၄ အကြား နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း မင်းမင်းသန်းမောင်းနှင် လာသော (အဖြူရောင်လက်များပရဟိတ အသင်း)မှ ALPHARD ယာဉ်မှာ ယနေ့မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ် တိမ်းမှောက်ခဲ့သည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ရှစ်ဦး အနက် လေးဦးမှာ ဒဏ်ရာရရှိခဲ့၍ ဒဏ်ရာ ရရှိသူများအား တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် တံတားဦးဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင် မခြင်မောင်းနှင်သူ ယာဉ်မောင်းအား သက်ဆိုင်ရာက အမှုဖွင့်ထား ကြောင်း သိရသည်။

သန်းဦး(လေးမျက်နှာ)
ဓာတ်ပုံ(အမြန်လမ်းရဲတပ်ဖွဲ့)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ပရဟိတယာဉ်တိမ်းမှောက်၊ လေးဦးဒဏ်ရာရ ရန်ကုန်-မန္တလေးအမြန်လမ်း၌ ပရဟိတယာဉ်တိမ်းမှောက်၊ လေးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 12:39 Rating: 5
Powered by Blogger.