![]() |
(ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ခါလီဒါ ဇီယာ ကို ၂၀၁၇၊ ဒီဇင်ဘာ ၂၈ ရက်နေ့က တွေ့ရစဉ်) |
အသက် ၇၃ နှစ်အရွယ် အတိုက်အခံခေါင်းဆောင် ခါလီဒါ ဇီယာ ဟာ ဆီးချို၊ သွေးတိုး နဲ့ အဆစ်အမြစ်ရောင်ဝေဒနာတွေ ခံစားနေရတယ်လို့ ကျန်းမာရေးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
လက်ရှိ ၀န်ကြီးချုပ် ရှိတ် ဟာဆီနာ နဲ့ ပြိုင်ဘက်ဖြစ်တဲ့ ၀န်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ ဟာ အကျင့်ပျက် ခြစားမှု စွဲချက်တွေနဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ထောင်ဒဏ် ငါးနှစ် ချမှတ်ခံခဲ့ရတာပါ။
သူ့ရဲ့ ပါတီကတော့ ဒါဟာ နိုင်ငံရေးအရ ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ထားတာဖြစ်ပြီး၊ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို မ၀င်နိုင်အောင် ဖန်တီးထားတာဖြစ်တယ်လို့ ပြောဆိုပါတယ်။
RFA Burmese
https://www.facebook.com/pg/rfaburmese