ဘားအံမြို့နယ်တွင် အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး


ဘားအံအောက်တိုဘာ ၂၅

ကရင်ပြည်နယ်ဘားအံမြို့နယ် လွန်းညကျေးရွာအုပ်စုခနိမ်းဒိုရွာအနီးလယ်ကွင်းဘေးရှိသစ်ပင်တစ်ပင်တွင် အောက်တိုဘာလ ၂၅ရက်နေ့ ညနေပိုင်းက မျိုးသားတစ်ဦးကြိုးဆွဲချသေဆုံးခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာအောက်တိုဘာလ ၂၅ ရက် ညနေ ၆နာရီ အချိန်ခန့် ဘားအံမြို့နယ်လွန်းညကျေးရွာအုပ်စု လယ်ကွင်းဘေးရှိ သစ်ပင်တစ်ပင်တွင်အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ အိန္ဒုနယ်မြေရဲစခန်းမှစခန်းမှူးရဲအုပ်မင်းအောင်ထွန်း နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်အောင်ကျော်ကိုတို့ ဦးစီးအဖွဲ့သည် သက်သေ လွန်းညကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စောအေးမောင်၊ ရာအိမ်မှူးစောအေးဝင်း တို့နှင့်အတူသွားရောက်စုံစမ်းစစ်ဆေးခဲ့ရာ သေဆုံးသူမှာ ခနိမ်းဒိုကျေးရွာနေ သန်းဇော်ဦး အသက် (၂၃-နှစ်)ဖြစ်ကြောင်း သိရပြီးလယ်ကွင်းစပ်ရှိလုံးပါတ်(၁၀)လက်မခန့်၊ ပျဉ်းမပင်၏ အမြင့်(၇)ပေတွင် အညိုရောင်ကွက်စိပ်လုံချည်ကို အသုံးပြုကာ ကြိုးဆွဲချသည့်လက္ခဏာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ၏အဖွားဖြစ်သူဒေါ်မသိန်းပြောပြချက်အရ သေဆုံးသူသန်းဇော်ဦးမှာ ထိုင်းနိုင်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်ရာမှ လွန်ခဲ့သော(၃)လခန့်ကကျေးရွာသို့ပြန်ရောက်ရှိပြီး ၎င်းနှင့်အတူနေထိုင်ကြောင်း သေဆုံးသူ၏မိဘများမှာထိုင်းနိုင်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်နေထိုင်ကြောင်း၊ လွန်ခဲ့သော ၂ ရက် ၃ ရက်ခန့်ကသေဆုံးသူမှ ၎င်းမိဘများထံဖုန်းဆက်သွယ်ကာငွေတောင်းခဲ့သည်ကိုကြားသိခဲ့ကြောင်း အဖွားဖြစ်သူဒေါ်မသိန်းထံမှအခင်းမဖြစ်မှီ မွန်းလွဲ ၂နာရီအချိန်ခန့်တွင် အရက်သောက်ရန်အတွက်ငွေ(၅၀၀)ကျပ်တောင်း၍ထွက်ခွာသွားရာမှ ကြိုးဆွဲချသေဆုံးနေကြောင်းကို သိရှိခဲ့ရခြင်းဖြစ်သည်။

သေဆုံးသူသန်းဇော်ဦးအလောင်းအား သာမညကျေးရွာလူမှုကယ်ဆယ်ရေးအဖွဲ့ပိုင်ယာဉ်ဖြင့်ဘားအံပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်၍ ရဲဆေးစာပေးထားကာ အိန္ဒုနယ်မြေရဲစခန်းက သန်းဇော်ဦးသေဆုံးခြင်းအပေါ် ဓမ္မတာ အတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၈ ဖြင့် ရေးဖွင့်စစ်ဆေးလျှက်ရှိကြောင်းသတင်းရရှိသည်။

နေလင်း(ဒေါနမြေ)
ဘားအံသတင်း
https://www.facebook.com/pg/Hpaannews.kayin
ဘားအံမြို့နယ်တွင် အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး ဘားအံမြို့နယ်တွင် အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 04:58 Rating: 5
Powered by Blogger.