မြေထဲပင်လယ်တွင် တရားမ၀င် ရွှေ့ပြောင်းသူ ၆၁၅ ဦးအား မော်ရိုကို ရေတပ်မှ ကယ်ဆယ်

တရားမ၀င် ရွှေ့ပြောင်းသူများအား တွေ့ရစဉ် (ဆင်ဟွာ)
ရာဘတ် ၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)

 မော်ရိုကို ရေတပ်က အောက်တိုဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တွင် မြေထဲပင်လယ်၌ တရားမ၀င် ရွှေ့ပြောင်းသူ  စုစုပေါင်း  ၆၁၅ ဦးအား ကယ်ဆယ်ခဲ့ကြောင်း မော်ရိုကိုနိုင်ငံ စစ်တပ်က အောက်တိုဘာ ၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မြေထဲပင်လယ်ရှိ ရာဘာလှေ ၃၁ စီးပေါ်တွင် လိုက်ပါလာသူ စုစုပေါင်း ၆၁၅ ဦးကို ကူညီကယ်ဆယ်ခဲ့ ကြောင်း ၊ ထိုရာဘာလှေများတွင် အချို့မှာ အလွန်ဟောင်းနွမ်းယိုယွင်းနေပြီဖြစ်ရာ ကယ်ဆယ်ပြီး မကြာမီ နစ်မြုပ်သွားကြောင်း ၊ ကယ်ဆယ်ခံထားရသူများမှာ ကျန်းမာရေးအခြေအနေကောင်းမွန် ကြောင်းနှင့် ၄င်းတို့အား နီးစပ်ရာ ဆိပ်ကမ်းသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း ၄င်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုလ ၃ ရက်နေ့က  မော်ရိုကို မြောက်ဘက်ပင်လယ်တွင် တရားမ၀င် ရွှေ့ပြောင်းသူ ၃၇ ဦးအား ကယ်ဆယ်ခဲ့ကြောင်း မော်ရိုကို စစ်တပ်က ထုတ်ပြန်ကြေညာခဲ့သည်။

 (Xinhua)
http://www.xinhuamyanmar.com
မြေထဲပင်လယ်တွင် တရားမ၀င် ရွှေ့ပြောင်းသူ ၆၁၅ ဦးအား မော်ရိုကို ရေတပ်မှ ကယ်ဆယ်  မြေထဲပင်လယ်တွင် တရားမ၀င် ရွှေ့ပြောင်းသူ ၆၁၅ ဦးအား မော်ရိုကို ရေတပ်မှ ကယ်ဆယ် Reviewed by THITHTOOLWIN on 18:10 Rating: 5
Powered by Blogger.