မော်လမြိုင်၌ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦးတို့ကို သေနတ်ဖြင့်ပစ်ခတ်သူအား ဖမ်းဆီးရမိ


နေပြည်တော် အောက်တိုဘာ ၁၇

မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြို ရပ်ကွက် ဒေါင်းဇရပ်မီးပွိုင့်၌ အောက်တိုဘာ ၁၄ ရက်က နိုင်ပိုင်ထွေး (၅၂ နှစ်) ဘားအံမြို့နယ်နေသူမောင်း နှင်ပြီး ဇနီးဖြစ်သူ မအေးမွန် (၃၂ နှစ်)ကိုးမိုင်ကျေးရွာ ရေးမြို့နယ်နေသူ လိုက်ပါလာသော 3K/-----Wish ယာဉ်ကို ရပ်တန့်စစ်ဆေးရန် တားဆီး စဉ် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံ ဖမ်းဆီးရာ အဆိုပါယာဉ်မှာ ရဲတပ်ဖွဲ့ဝင်၏ ဆိုင်ကယ်ကိုဝင်တိုက်ပြီး လမ်းဘေး ဓာတ်တိုင်ကို ထပ်မံတိုက်မိကာ ရပ်တန့် သွားခဲ့သည်။
ယာဉ်မောင်းသည် ယာဉ်ပေါ်မှ ဆင်းကာ ပွိုင့် ၃၂ စပါယ်ရှယ်ခြောက်လုံး ပြူးသေနတ်ဖြင့် ငါးချက်ပစ်ခတ်မှုကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲတပ်ကြပ် မျိုးဇော် ဦး၏ ဝဲပါးကျည်ဖောက်ဝင်ဒဏ်ရာတစ် ချက်(မစိုးရိမ်ရ)၊ လမ်းပေါ်တွင် ဆိုင်ကယ် မောင်းနှင်လာသူ အေးမင်းခန့် (ခ)ဆာအတ်အား ယာလက်ခုံကျည်ဖောက် ဝင်ဒဏ်ရာတစ်ချက်(မစိုးရိမ်ရ) ရရှိခဲ့ပြီး နိုင်ပိုင်ထွေးမှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့သည်။

ယာဉ်ကို ရှာဖွေရာ မအေးမွန်နှင့် အတူ စိတ်ြ<ွကရူးသွပ်ဆေးပြား ၂ဝဝဝ (တစ်ပြားလျှင် ၅ဝဝဝ ကျပ်နှုန်းဖြင့် တန်ဖိုးငွေ$ကျပ်သိန်း ၁ဝဝ) ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

ယင်းနောက် ပြစ်မှုကျူးလွန်သူ ထွက်ပြေးတိမ်းရှောင်သည့် လမ်းကြောင်း တစ်လျှောက်လိုက်လံရှင်းလင်းရာ ပစ်ခတ် သည့် သေနတ်ကို မြိုင်သာယာရပ်ကွက် ၂၄ လမ်းယာဘက် ရေမြောင်းအတွင်းမှ တွေ့ရှိ သိမ်းဆည်းရမိပြီး ပြစ်မှုကျူးလွန်သူ နိုင်ပိုင်ထွေးအား ယနေ့နံနက် ၅ နာရီခွဲခန့် တွင် မြိုင်သာယာရပ်ကွက် ဗိုလ်ချုပ် အောင်ဆန်းလမ်း အထက (၁၂)နှင့် စာတိုက်လမ်းကြား၌ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ ကြောင်း၊ မြိုင်သာယာနယ်မြေ ရဲစခန်း၌ ဥပဒေ နှင့်အညီ အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

 သတင်းစဉ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မော်လမြိုင်၌ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦးတို့ကို သေနတ်ဖြင့်ပစ်ခတ်သူအား ဖမ်းဆီးရမိ မော်လမြိုင်၌ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦးတို့ကို သေနတ်ဖြင့်ပစ်ခတ်သူအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:19 Rating: 5
Powered by Blogger.