မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်နိုင်ငံတက်ကနက်မြို့တွင် ယာဘားစိတ်ကြွဆေးပြား ရှစ်သိန်းကျော် ဖမ်းမိ


နိရဉ္စရာ၊ အောက်တိုဘာ ၇

မြန်မာနိုင်ငံ မောင်တောမြို့နှင့် မျက်နာချင်းဆိုင်တွင် တည်ရှိသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်မြို့နယ်တွင်ယနေ့ နံနက်က ယာဘာစိတ်ကြွဆေးပြား ရှစ်သိန်း တစ်သောင်းကို ( ၈၁၀၀၀၀)ကို ဘင်္ဂလာရဲတပ်ဖွဲ့ ဖမ်းမိသည်ဟု Teknaf News တွင် သတင်းဖော်ပြသည်။


ယနေ့နံနက်ပိုင်း အစောကြီးက တက်ကနက် မြို့နယ်တွင် သတင်းအရ လိုက်လံရှာဖွေစဉ် အလုံပိတ်ကားတစ်စီးပေါ်မှ ယာဘားစိတ်ကြွဆေးပြား ၆ သိန်းကိုလည်းကောင်း၊ ဆားပြင် အနီး နတ်မြစ်ကမ်းစပ်မှ မှောင်ခိုသမားများ လွင့်ပစ်ထားခဲ့သော စိတ်ကြွဆေးပြား ၂ သိန်း ၁ သောင်းကိုလည်းကောင်း ရှာဖွေ သိမ်းဆည်းရမိခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ဆေးပြားသယ်လာသူ မှောင်ခိုသမားများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ဆိုသည်။

Narinjara
https://www.facebook.com/Narinjara
မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်နိုင်ငံတက်ကနက်မြို့တွင် ယာဘားစိတ်ကြွဆေးပြား ရှစ်သိန်းကျော် ဖမ်းမိ မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်နိုင်ငံတက်ကနက်မြို့တွင် ယာဘားစိတ်ကြွဆေးပြား ရှစ်သိန်းကျော် ဖမ်းမိ Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.