ဇွဲကပင် တောင်ကြားလမ်းတွင် လမ်းဖြတ်ကူးသည့်နွားကို ဝင်တိုက်မိသဖြင့် ဆိုင်ကယ် တိမ်းမှောက်ခဲ့ရာက ဆိုင်ကယ်မောင်းသူ သေဆုံးသွား

(ဓါတ်ပုံ : ဇွဲကပင်တောင်ခြေ လမ်းဆုံ)
ကရင်ပြည်နယ်၊ဘားအံမြို့နယ်တွင် အောက်တိုဘာလ ၂၈ ရက်နေ့နံနက်ပိုင်းက လမ်းဖြတ်ကူးနေသည့် နွားကို ဝင်ရောက်တိုက်မိခဲ့သည့် ဆိုင်ကယ်တိမ်းမှောက်ရာက ဆိုင်ကယ်မောင်းသူမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သဖြင့် ဘားအံဆေးရုံကြီးသို့ ပို့ဆောင်ပြီးဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၈ ရက်နေ့ နံနက် ၉နာရီကျော်အချိန်ခန့် က ဘားအံမြို့နယ်၊ တော်ပုံကျေးရွာအုပ်စု ဇွဲကပင်တောင်ကြားလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ထုံးအိုင်နယ်မြေရဲစခန်းမှ ဒုရဲအုပ်ဝေမိုးဦးစီးသည့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဇွဲကပင်တောင်ကြားလမ်းအတိုင်း ကော့ကျိုက်ကျေးရွာဘက်မှ ဇွဲကပင်တောင်ခြေဘက်သို့ စောကြည်လင်(၁၈-နှစ်)ရသေ့ပျံကျေးရွာ၊ ဘားအံမြို့နယ်နေသူမောင်းနှင်ပြီးဆိုင်ကယ်နောက်မှ စောသက်ဦးမောင် (၁၉-နှစ်)(လိပ်စာတူ)တို့လိုက်ပါလာသည့် HONDA-125အမျိုးအစား နက်ပြာရောင်ဆိုင်ကယ်အား မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက် လမ်းဖြတ်ကူးနေသည့် နွားအားတိုက်မိကာ ဆိုင်ကယ်တိမ်းမှောက် သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်တိမ်းမှောက်မှုကြောင့်ဆိုင်ကယ်မောင်းသူ စောကြည်လင်တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ရဲဆေးစာဖြင့်ဘားအံပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် နံနက် ၁၀နာရီအချိန် သေဆုံးသွားခဲ့ကြောင်း သိရပြီး ဖြစ်စဉ်အား ထုံးအိုင်နယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

မင်းသူ(ဘားအံ)
ဘားအံသတင်း
https://www.facebook.com/pg/Hpaannews.kayin
ဇွဲကပင် တောင်ကြားလမ်းတွင် လမ်းဖြတ်ကူးသည့်နွားကို ဝင်တိုက်မိသဖြင့် ဆိုင်ကယ် တိမ်းမှောက်ခဲ့ရာက ဆိုင်ကယ်မောင်းသူ သေဆုံးသွား ဇွဲကပင် တောင်ကြားလမ်းတွင် လမ်းဖြတ်ကူးသည့်နွားကို ဝင်တိုက်မိသဖြင့် ဆိုင်ကယ်  တိမ်းမှောက်ခဲ့ရာက ဆိုင်ကယ်မောင်းသူ သေဆုံးသွား Reviewed by THITHTOOLWIN on 04:06 Rating: 5
Powered by Blogger.