ဘူတန်ရွေးကောက်ပွဲ ပါတီသစ် အနိုင်ရ

Photo: DIPTENDU DUTTA / AFP
ဘူတန်နိုင်ငံ ရဲ့ ကြာသပတေးနေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဆရာဝန်တဦး ဦးဆောင်တဲ့ ပါတီသစ်က အနိုင်ရသွားခဲ့ပါတယ်။

လိုတေးရှာရင်း အမည်ရှိ အသက် ၅၀ အရွယ် ခွဲစိတ်ဆရာဝန် ဦးဆောင်ပြီး၊ ၂၀၁၃ ခုနှစ်က ထူထောင်ခဲ့တဲ့ DNT ပါတီက လွှတ်တော်နေရာ ၄၇ နေရာထဲက နေရာ ၃၀ မှာ အနိုင်ရခဲ့တာပါ။

ဘုရင်စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ ဘူတန်နိုင်ငံမှာ ဘုရင်ကိုယ်တိုင်က ၂၀၀၈ ခုနှစ်မှာ ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲပေးခဲ့ပြီး ရွေးကောက်ပွဲတွေ စတင်ကျင်းပခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဘူတန်ရွေးကောက်ပွဲ ပါတီသစ် အနိုင်ရ ဘူတန်ရွေးကောက်ပွဲ ပါတီသစ် အနိုင်ရ Reviewed by THITHTOOLWIN on 13:06 Rating: 5
Powered by Blogger.