ကလေးတွင် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိပြီး တစ်ဦးသေဆုံး


ကလေး ၊အောက်တိုဘာ ၂၆

ကလေးမြို့တွင် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ကျန်လေးဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကလေးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာ ၂၅ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက် ဘုရင့်နောင် လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


"ဖြစ်တာက ၁၂၅ အင်ဂျာပါဝါဆိုင်ကယ်နဲ့ အနက်ရောင် ပါဆာ အန္ဒိယဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်တာ။ ၁၂၅ က သုံးယာက်စီးတာ တစ်စီးက ၂ ယောက် အားလုံးက ဆိုယ်ကယ်ဦးထုပ်မပါဘူး။ တစ်ယောက်နေရာမှာ သေသွားတယ်။ ကျန်လေးယောက်ကတော့ စိုးရိမ်ရ အခြေအနေနဲ့ ကလေးမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုခံနေတယ်"ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်က ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်လေးဦးကတော့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သူများက ဆိုသည်။

"ဒီဖြစ်စဉ်ကတော့ အရက်သေစာသောက်စားပြီး ဖြစ်တာပါ။အသက်အရွယ်ကလည်း ၂၀ ဝန်းကျင်လောက်အရွယ်ဖြစ်တယ်"ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သူသည် အသက် ၁၉ နှစ်အရွယ်ရှိ တောင်သာကျေးရွာနေ နိုင်လင်းကျော်ဆိုသူဖြစ်ကြောင်း သိရသည်။

သူရိယထက်
Monywa Gazette
https://www.facebook.com/monywagazette
ကလေးတွင် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိပြီး တစ်ဦးသေဆုံး ကလေးတွင် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိပြီး တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 08:12 Rating: 5
Powered by Blogger.