သဘာဝဘေးအန္တရာယ်ဖြစ်ပွား၍ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်


နေပြည်တော်၊ အောက်တိုဘာ ၂၂

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့ ည ၈ နာရီအချိန် လေပြင်းတိုက်ခတ်မှုကြောင့် ဘားအံမြို့နယ်၊ ဖားပုကျေးရွာပါ ကျေးရွာ/ရပ်ကွက် ၅ ခုတို့၌ သစ်ကိုင်းများကျိုးကျပိမိ၍ မော်တော် ယာဉ်(၁)စီး ပျက်စီး၊ လျှပ်စစ်မီးတိုင်(၄)တိုင်ကျိုးကျ ၊ ခရိုင်သစ်တောရုံး အဆောက်အဦး ယိုင်နဲ့၍ ရုံးအဆောက်အဦနှင့်တွဲလျက် မီးဖိုဆောင်၊ ဘုန်းကြီးကျောင်း(၂)ကျောင်း၊ ဓမ္မာရုံ(၁)ဆောင်၊ ဆွမ်းစားဆောင်(၁)ဆောင်၊ အင်္ဂလိပ်စကားပြော သင်တန်းဆောင်နှင့် နေအိမ်(၁)လုံးတို့ အမိုးများ ပျက်စီးခဲ့သဖြင့် စုစုပေါင်းတန်ဖိုး (၆,၇၇၀,၀၀၀)ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၂၀ ရက်နေ့ ၂၁း၀၀ မှ ၂၃း၀၀ နာရီထိ မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ပဲခူးမြို့၊ ဥဿာမြို့သစ် (၉)ရပ်ကွက်၌ သစ်ပင်လဲကျပိမိ၍ ဆိုင်ကယ်ပြင်ဆိုင် ၁ ဆိုင် အနည်းငယ် ယိုင်နဲ့ခဲ့ကြောင်း ၊ ၄း၀၀ မှ ၅း၃၀ နာရီထိ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုကြောင့် သနပ်ပင်မြို့နယ် ၊ ကုလားချောင်းကြီးကျေးရွာ (၇)ရွာ၌ သွပ်/တောင် ထန်းမိုး၊ ထရံကာ၊ ဝါးတိုင် နေအိမ်(၁၃)လုံးပြိုကျ ၊ (၂၃၆)လုံး အမိုးလန်ပျက်စီးခဲ့ရာ စုစုပေါင်းတန်ဖိုး (၁၂,၉၀၅,၀၀၀) ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ထို့အတူ အောက်တိုဘာလ ၂၁ ရက်နေ့  ၁း၀၀ နာရီ အချိန် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုကြောင့် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက်၌ သစ်ကိုင်းကျိုးကျပိမိ၍ စာသင်ကျောင်း ၁ ကျောင်း အမိုးပျက်စီးခဲ့သဖြင့် တန်ဖိုးကျပ်(၇)သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း ၊ ၁၀း၀၀ နာရီ အချိန် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဝါးခယ်မမြို့နယ်၊ ကုလားကျွန်းကျေးရွာ ၄ ရွာရှိ နေအိမ်(၂၆)လုံး အမိုးလန် ၊ ဗလီ(၁)လုံးပေါ်သို့ သစ်ပင်လဲကျပိမိ၍ အမိုးပျက်စီးခဲ့သဖြင့် စုစုပေါင်း တန်ဖိုး(၄,၈၆၈,၀၀၀)ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း ၊ ၁၂း၀၀ မှ ၁၃း၀၀ နာရီထိ မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် မအူပင်မြို့နယ်၊ မြဦးအိုင်ကျေးရွာ ၁၄ ရွာ၌ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ် ၆ လုံး ပြိုကျ၊ နေအိမ်(၁၁၇)လုံး၊ စာသင်ကျောင်း ၁ ကျောင်းတို့ အမိုးလန်ပျက်စီးခဲ့ရာ စုစုပေါင်းတန်ဖိုး (၈,၇၃၇,၀၀၀)ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း နှင့် အောက်တိုဘာလ ၂၀ ရက်နေ့ ၂၁း၀၅ နာရီ အချိန် လေပြင်း တိုက်ခတ်မှုကြောင့် လှည်းကူးမြို့နယ်၊ ဆားတလင်းကျေးရွာ၌ သစ်ပင်လဲကျပိမိ၍ လျှပ်စစ်မီးတိုင် ၁ တိုင် လဲကျပျက်စီးခဲ့ရာ တန်ဖိုး(၁၅၀,၀၀၀)ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
သဘာဝဘေးအန္တရာယ်ဖြစ်ပွား၍ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ် သဘာဝဘေးအန္တရာယ်ဖြစ်ပွား၍ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ် Reviewed by THITHTOOLWIN on 20:25 Rating: 5
Powered by Blogger.