၂၀၁၈ နိုဘယ်ငြိမ်းချမ်းရေးဆုကို အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီး ရရှိ

ယာဇီဒီ အမျိုးသမီးတွေ လွတ်မြောက်ရေး Nadia Murad လှုပ်ရှားခဲ့
၂၀၁၈ ခုနှစ် အတွက် နိုဘယ် ငြိမ်းချမ်းရေးဆုကို ကွန်ဂိုနိုင်ငံက သားဖွားနဲ့ မီးယပ်ဆိုင်ရာ ဆရာဝန် ဒန်းနစ် မူကွေဂေ Denis Mukwege နဲ့ နာဒီယာ မူရတ် Nadia Murad တို့ ရရှိသွားပါတယ်။

စစ်ပွဲတွေ အတွင်းမှာ အဓမ္မ ပြုကျင့်မှုကို လက်နက်သဖွယ် အသုံးပြုတာကို တားဆီးရေး လှုပ်ရှား ဆောင်ရွက်မှု အတွက် သူတို့ ကို အပ်နှင်းတာဖြစ်ပါတယ်။

နာဒီယာ မူရတ် က အသက် ၂၅ နှစ် အရွယ် ယာဇီဒီ လူမျိုးဖြစ်ပါတယ်။

သူဟာ ၂၀၁၄ ခုနှစ်က IS အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ရဲ့ ပြန်ပေးဆွဲတာ ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်မလာခင် အထိ သုံးလကြာအောင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး လိင်ကျွန် အဖြစ် ပြုကျင့်ခံခဲ့ရပါတယ်။
 ဒေါက်တာ Denis Mukwege
အံ့ဖွယ် ဆရာဝန်လို့ ကင်ပွန်း တပ်ခံရတဲ့ Denis Mukwege ကတော့ စစ်ဘေးစစ်ဒဏ် ခံနေရတဲ့ ကွန်ဂိုသမ္မတ နိုင်ငံ အရှေ့ပိုင်း မှာ လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့်ခံရတဲ့ အမျိုးသမီးတွေ၊ အကြမ်းဖက်ခံရတဲ့ အမျိုး သမီးတွေကို သူတို့ ခံစားကြရတဲ့ စိတ်ဒဏ်ရာ တွေကနေ ပြန်လည် ကုစားပေးတဲ့ လုပ်ငန်းတွေကို နှစ်ပေါင်း ၂၀ ကြာအောင် ကူညီဆောင်ရွက်ပေးခဲ့သူဖြစ်ပါတယ်။

နိုဘယ်ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ Berit Reiss-Andersen က အခုရွေးချယ်ခံရသူ နှစ်ယောက်ဟာ ပြစ်မှု ကျူးလွန်သူတွေကို တိုက်ဖျက်ရေးမှာ မဖြစ်မနေ အရေးပါသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ်အတွက် ငြိမ်းချမ်းရေးဆုရှင်တွေအဖြစ် နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ကို အမည်စာရင်း တင်သွင်း ခဲ့ကြသူ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၃၃၁ ခုရှိပါတယ်။

BBC Burmese
https://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ