ဟိုပုံးမြို့၌မီး​လောင်​မှုဖြစ်​ပွား


ဟိုပုံး ​​အောက်​တိုဘာ ၂၈

ရှမ်းပြည်​နယ်​(​တောင်​ပိုင်း) ၊ ပအိုဝ်းကိုယ်​ ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ ၊ ဟိုပုံးမြို့နယ်​ ၊ ​တောင်​ရပ်​ကွက်​ ၊ နယ်​​မြေ(၁) ၊ အိမ်​အမှတ်​ (၄၅၈) ၊ ဦး​မောင်​သိန်း​ (ဘ) ဦး​​ကျော်၏​နေအိမ်​မှ ​အောက်​တိုဘာလ ၂၈ ရက်​နံနက်​၉နာရီ ၄၀မိနစ်​က မီး​လောင်​မှုဖြစ်​ပွားခဲ့​ကြောင်း သိရသည်​။


ဖြစ်​စဉ်​မှာ အိမ်​ရှင်​ ​ဦးသိန်း​မောင်​(ဘ)ဦိး​ကျော်​ ၊ အသက်​( ၅၃)နှစ်​ ၊ ခြံလုပ်​ငန်းလုပ်​ကိုင်​သူ နှစ်​ထပ်​သွပ်​မိုး ၊ ထရံကာ ၊အုပ်​ညှပ်​ ၊ ဝါးကြမ်းခင်း​နေအိမ်​အ​ပေါ်ထပ်​ဝါးထရံနှင့်​ကပ်​လျက်​ ဘက်​ထရီ(၁၂​ဗို့) အိုးသို့ ဆိုလာပြားဖြင့်​ အားသွင်းရာမှ ဘက်​ထရီအိုးအပူလွန်​ကဲပြီး မီး​လောင်​မှုဖြစ်​ပွားခဲ့​ကြောင်း သိရသည်​။


အခင်းဖြစ်​ပွားရာ​နေရာသို့သတင်းရလျှင်​ရချင်း ဟိုပုံးမြို့နယ်​ မီးသတ်​တပ်​ဖွဲ့မှ ဦးစီးအရာရှိ ဦး​စော​မောင်​ဦး​ဆောင်​​သောအဖွဲ့မှ မီးသတ်​ယာဉ်​(၂)စီး ၊ အုပ်​ချုပ်​မှု ယာဉ်​(၁)စီး နှင့်​မီးသတ်​တပ်​ဖွဲ့ဝင်​ (၁၃)ဦး၊ အရန်​မီးသတ်​တပ်​ဖွဲ့ဝင်​(၂၃)ဦး ၊ ရပ်​ကွက်​​နေပြည်​သူ ၃၀ဦးခန့်​တို့က၉း၄၅ မိနစ်​အချိန်​တွင်​ဝိုင်းဝန်းမီးငြိမ်းသတ်​ခဲ့ပြီး အဆိုပါမီး​လောင်​ကျွမ်းမှု​ကြောင့်​ ဝါးထရံအကာနှင့်​ဝါးကြမ်းခင်းများဆုံးရှုံးခဲ့ပြီး မီး​လောင်​ဆုံးရှုံးမှု တန်​ဖိုးမှာ(၃၆၄၀၀)သုံးေ​သာင်း​ခြောက်​​ထောင်​လေးရာကျပ်​တိတိ ဆုံးရှုံးခဲ့​ကြောင်း သိရသည်​။


အဆိုပါမီး​လောင်​မှုနှင့်​စပ်​လျဉ်း၍ အိမ်​ရှင်​​ဦးမောင်​​သိန်း​အား ဟိုပုံးမြို့နယ်​ရဲစခန်းမှ ဥပ​ဒေပုဒ်​မ (၂၈၅/၂၀၁၈)ရဲစခန်း(ပ)အမှတ်​(၇၇/၂၀၁၈)ဖြင့်​အမှုဖွင့်​ အ​ရေးယူ ​ဆောင်​ရွက်​ထား​ကြောင်းသိရသည်​။

မြို့နယ်​(ပြန်​/ဆက်​)
Iprd Hopone
https://www.facebook.com/iprd.hopone.9
ဟိုပုံးမြို့၌မီး​လောင်​မှုဖြစ်​ပွား ဟိုပုံးမြို့၌မီး​လောင်​မှုဖြစ်​ပွား Reviewed by THITHTOOLWIN on 07:15 Rating: 5
Powered by Blogger.