ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ထောင်ဒဏ် ထပ်တိုးခံရ

(ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာ ကို တွေ့ရစဉ်)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အကျဉ်းချခံထားရတဲ့ အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာ အပေါ် အကျင့်ပျက်ခြစားမှု နဲ့ နောက်ထပ် ထောင်ဒဏ် ၇ နှစ် ထပ်ချလိုက်တာဟာ ရွေးကောက်ပွဲ မ၀င်နိုင်အောင် တားဆီးလိုက်တဲ့ နိုင်ငံရေး ပယောဂဖြစ်တယ်လို့ ခါလီဒါ ကို ထောက်ခံသူတွေက ပြောကြပါတယ်။

သူ့အပေါ် နောက်ဆုံး စွဲဆိုချက်အဖြစ် အသက် ၇၃ နှစ်အရွယ် ခါလီဒါ ဟာ အာဏာကို အလွဲသုံးစားလုပ်ပြီး အလှူငွေ အမေရိကန်ဒေါ်လာ ၄ သိန်းနီးပါးနဲ့ညီတဲ့ ဘင်္ဂလားဒေ့ရှ် တာကာငွေ ၃၁ သန်းခွဲကို ကိုယ်ကျိုး အတွက် သုံးစွဲခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် ၇ နှစ် ထပ်ချလိုက်တာပါ။

ခါလီဒါ အပေါ် အခုလို ထောင်ဒဏ်တိုးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး ဒါကာမြို့က သူ့ရဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ BNP ဌာနချုပ် ပြင်ပမှာ အင်္ဂါနေ့က အသေးစား ဆန္ဒပြပွဲတစ်ခု ပေါ်ပေါက်ခဲ့ပြီး၊ နိုင်ငံတ၀ှမ်း ချီတက်ဆန္ဒပြကြဖို့ တိုက်တွန်းခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ထောင်ဒဏ် ထပ်တိုးခံရ ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ထောင်ဒဏ် ထပ်တိုးခံရ Reviewed by THITHTOOLWIN on 09:53 Rating: 5
Powered by Blogger.