ဧရာဝတီ လင်းပိုင် ကာကွယ်ဒေသ တိုးချဲ့

Photo: GERRY RYAN / WWF-Cambodia / AFP
ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ ရှားပါးလင်းပိုင်ငါးတွေ ကာကွယ်စောင့်ရှောက်ထားတဲ့ဒေသကို ၄၆ မိုင်ကနေ ၆၂ မိုင်အထိ ဒီရက်ပိုင်းအတွင်း မြန်မာအစိုးရက တိုးချဲ့လိုက်တယ်လို့ မနေ့က ရရှိတဲ့ သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တွေကို ထိစပ်နေတဲ့ မလယ်ရွာကနေ ရွှေဂူအထိ အဲဒီ သတ်မှတ်ဒေသအတွင်း ငါးတွေကို လျှပ်စစ်နဲ့ လျှော့ရိုက်ဖမ်းခြင်း မိုင်းခွဲဖမ်းခြင်းတွေအပြင် မြစ်ရေညစ်ညမ်းစေတဲ့ ရွှေတူးဖေါ်ခြင်းတွေကိုလည်း တားမြစ်ထားပါတယ်။

အခုနှစ်အတွင်း လေ့လာချက်အရ ဧရာဝတီမြစ်တွင်းမှာ လင်းပိုင်ငါး ၇၈ ကောင်ပဲ ရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း အကောင်ရေ ၆ဝ နဲ့ ၇ဝ အကြား ရှိခဲ့တာကြောင့် ထပ်မံလျှော့နည်းသွားတာတော့ မဟုတ်ပါဘူး။

RFA Burmese
https://www.facebook.com/rfaburmese/
ဧရာဝတီ လင်းပိုင် ကာကွယ်ဒေသ တိုးချဲ့ ဧရာဝတီ လင်းပိုင် ကာကွယ်ဒေသ တိုးချဲ့ Reviewed by THITHTOOLWIN on 12:42 Rating: 5
Powered by Blogger.