ဒေါ်ညိုညိုသင်းရဲ့ တိုင်ကြားစာနဲ့ ပတ်သက်ပြီး အရေးယူဖို့မရှိသေးဘူးလို့ သတင်းထုတ်ပြန်


ရန်ကုန်တိုင်းအစိုးရရဲ့ ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျတ်ရေးကော်မရှင်ကို တိုင်ကြားထားတဲ့ ဒေါ်ညိုညိုသင်းရဲ့ တိုင်ကြားစာနဲ့ ပတ်သက်လို့ အရေးယူဖို့မရှိသေးဘူးလို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒေါ်ညိုညိုသင်းရဲ့ တိုင်ကြားစာပါ အကြောင်းအရာဟာ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနဲ့ သက်ဆိုင်ရာ အစိုးရဌာနတို့က ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေ မပြီးပြတ်သေးတာနဲ့ ၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ပြဌာန်းလိုက်တဲ့ အဂတိလိုက်စားမှု တိုက်ဖျတ်ရေး ဥပဒေကို စတုတ္တအကြိမ်ပြင်ဆင်တဲ့ ဥပဒေ မပြဌာန်းခင်က ကိစ္စဖြစ်နေတာကြောင့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကော်မရှင်ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အဲဒီတိုင်ကြားစာပါကိစ္စတွေကို အရေးယူဖို့ အစီအစဉ်မရှိသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအရ စီမံကိန်းတွေမှာ ငွေကျပ် ၅၁ ဘီလီယံကျော် ဆုံးရှုံးနေသလို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ငှားရမ်းထားတဲ့ စီမံကိန်းတွေမှာလည်း နှစ်စဉ် ပြည်သူ့ဘဏ္ဍာငွေ ကျပ် ၅ ဒသမ ၈ ဘီလီယံ ဆုံးရှုံးနစ်နာနေတဲ့အပေါ် ဥပဒေအတိုင်း အရေးယူပေးဖို့ ဒေါ်ညိုညိုသင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က တိုင်ကြားခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
ဒေါ်ညိုညိုသင်းရဲ့ တိုင်ကြားစာနဲ့ ပတ်သက်ပြီး အရေးယူဖို့မရှိသေးဘူးလို့ သတင်းထုတ်ပြန် ဒေါ်ညိုညိုသင်းရဲ့ တိုင်ကြားစာနဲ့ ပတ်သက်ပြီး အရေးယူဖို့မရှိသေးဘူးလို့ သတင်းထုတ်ပြန် Reviewed by THITHTOOLWIN on 17:58 Rating: 5
Powered by Blogger.