အရက်တုရောင်းသူတွေ မလေးရှားဖမ်းဆီး

(မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့  (GH HOSPITAL I C U ) အရေးပေါ်ကို အရက်တုသောက်မိပြီး ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား လူနာကို တွေ့ရစဉ်)
မလေးရှားနိုင်ငံ Selayang မြို့နဲ့ Desa Jaya တ၀ိုက် လက်လီရောင်းတဲ့ အရက်တုဝယ်သောက်လို့ အဆိပ်သင့်ပြီး မြန်မာ ၆ ယောက် မကြာခင်ကသေဆုံးရပြီးတဲ့နောက် ဈေးသက်သာတဲ့ အရက်တု ဖြန့်ဖြူးတဲ့ အိန္ဒိယနိုင်ငံသား သုံးယောက်ကို ဖမ်းဆီးလိုက်တယ်လို့ Gombak ခရိုင်ရဲမှူးက ပြောကြားပါတယ်။

ဖမ်းဆီးခံရသူ သုံးဦးစလုံး အသက် ၃၀ ၀န်းကျင်တွေဖြစ်ကြပြီး လူမှုရေးဗီဇာနဲ့ မလေးရှားနိုင်ငံကို ၀င်လာကြတဲ့အကြောင်းနဲ့ လွန်ခဲ့တဲ့ ၆ လအတွင်း အရက်ချက်ကြအကြောင်းလည်း သူက ပြောပါတယ်။

အရက်ပုလင်း ၈၇၀ နဲ့ အရက်ဘူး ၂၇၀ ကျော်လည်း သိမ်းဆည်းမိပြီး ဒီထက်ပို သိမ်းဆည်းနိုင်မယ်လို့ မျှော်လင့်ရတဲ့အကြောင်းလည်း ပြောပါတယ်။ တခြားသုံးနေရာမှာလည်း အရက်အဆိပ်သင့်လို့ နိုင်ငံခြားသားနဲ့ ဒေသခံ ၃၀ ကျော်သေဆုံးရပြီး လူ ဒါဇင်နဲ့ချီ ဆေးရုံတက်ရပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
အရက်တုရောင်းသူတွေ မလေးရှားဖမ်းဆီး အရက်တုရောင်းသူတွေ မလေးရှားဖမ်းဆီး Reviewed by THITHTOOLWIN on 09:49 Rating: 5
Powered by Blogger.