သမ္မတဟောင်း ထောက်ခံသူတွေ ကိုလံဘိုမှာ ဆန္ဒပြ

Photo: ISHARA S. KODIKARA / AFP
သီရိလင်္ကာနိုင်ငံမှာ မကြာခင်က ရာထူးက ဖြုတ်ပယ်ခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်းအပေါ် ရာနဲ့ချီတဲ့ ထောက်ခံသူတွေ မနေ့က ကိုလံဘိုမြို့တော်က လမ်းတွေကို ပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သမ္မတ သီရိသေန က ၀န်ကြီးချုပ် ၀စ်ကရီ မဆင်ဂီ ကို ရာထူးက ဖြုတ်ပယ်လိုက်ပြီး၊ သမ္မတဟောင်း မဟင်ဒါ ရာဇာပက်ကဆီ ကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ သမ္မတဟောင်း မဟင်ဒါ ဟာ လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်သူ၊ အကျင့်ပျက်ခြစားသူအဖြစ် စွပ်စွဲခံနေရသူဖြစ်ပါတယ်။

ဒီအတွက် မနေ့က ကိုလံဘိုမြို့မှာ ဆန္ဒပြခဲ့ကြတာပါ။ ၀န်ကြီးချုပ်ဟောင်း ၀စ်ကရီ မဆင်ဂီ ရဲ့ ပါတီက ဆန္ဒပြသူ တသိန်းလောက်ရှိတယ်လို့ ပြောဆိုပြီး၊ ရဲတပ်ဖွဲ့ကတော့ နှစ်သောင်းခွဲလောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။

ရာထူးက ထုတ်ပယ်ခံရသူ ၀န်ကြီးချုပ်ဟောင်း ၀စ်ကရီ ကလည်း သမ္မတရဲ့လုပ်ရပ်ကို ခုခံသွားမှာဖြစ်ကြောင်း ထောက်ခံသူတွေကို ပြောဆိုခဲ့ပါတယ်။

သီရိလင်္ကာလွှတ်တော်ဥက္ကဋ္ဌကလည်း လွှတ်တော်အနေနဲ့ ဒီကိစ္စ မဲခွဲမဆုံးဖြတ်ဘူးဆိုရင် သွေးထွက်သံယိုတွေ ဖြစ်သွားနိုင်ကြောင်း သတိပေးလိုက်ပါတယ်။

ဒါပေမဲ့ ဆန္ဒပြပွဲကတော့ လုံခြုံရေးအင်အား အားကောင်းနေတဲ့ အခြေအနေမှာ ငြိမ်ငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
သမ္မတဟောင်း ထောက်ခံသူတွေ ကိုလံဘိုမှာ ဆန္ဒပြ သမ္မတဟောင်း ထောက်ခံသူတွေ ကိုလံဘိုမှာ ဆန္ဒပြ Reviewed by THITHTOOLWIN on 10:49 Rating: 5
Powered by Blogger.