မြိတ်မြို့တွင်း လမ်းဘေးရပ်နားထားသည့်ကားများအား လိုက်လံဖျက်ဆီးသူကို အုပ်ချုပ်ရေးအဖွဲ့မှဖမ်းဆီး


3.10.2018

မြိတ်မြို့တွင် မူးယစ်ရမ်းကားပြီး လမ်းဘေးရပ်နားထားတဲ့ကားတွေကိုလိုက်လံဖျက်ဆီးမှု အောက်တိုဘာ ၃ ရက်နေ့၊ ည ၇ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။


မြိတ်မြို့၊ တပ်ပြင်ရပ်မှာ နေထိုင်တဲ့ ကိုတု (ခ) နွေမောင်မောင် ဆိုသူသည် မူးယစ်သောက်စားပြီး ဆိုင်ကယ်တစ်စီးဖြင့်လှည့်လည်၍ လမ်းဘေးရပ်နားထားတဲ့ ကားနောက်ကြည့်မှန်ကိုင်းအား ရိုက်ချိုးပြီး ကားဘော်ဒီအားဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။


""ရပ်ကွက်ထဲလိုက်ဖျက်ဆီးနေတာ သတင်းကြားလို့ အလယ်ကျွန်းရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဝင်းခိုင်နှင့်အဖွဲ့က ဖမ်းဆီးလိုက်တယ်။

ရွှေနန်းတော်မုန့်တိုက်အနီးမှာ ၁ စီး၊ရွှေကျောင်းလမ်းမှာ ၂ စီး၊မြစ်မရပ်မှာ ၁ စီး နှင့် ကြောင်ငယ်ရပ်မှာ ၃ စီး ကျွန်တော်သိသလောက်က ၇ စီးပါ။ တခြားနေရာတွေမှာလည်း ဖျက်ဆီးခဲ့တာ ရှိချင်ရှိနိုင်တယ်""လို့ အလယ်ကျွန်းရပ်ကွက်မှ ဦးစိုးပုတ်ကပြောပါတယ်။


လမ်းဘေးရပ်နားထားတဲ့ကားများအား ဖျက်ဆီးသူ ကိုတု (ခ) နွေမောင်မောင် အား အုပ်ချုပ်ရေးအဖွဲ့မှ ဖမ်းဆီးပြီး မြို့မရဲစခန်းသို့ အပ်နှံလိုက်ကြောင်း သိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik
မြိတ်မြို့တွင်း လမ်းဘေးရပ်နားထားသည့်ကားများအား လိုက်လံဖျက်ဆီးသူကို အုပ်ချုပ်ရေးအဖွဲ့မှဖမ်းဆီး မြိတ်မြို့တွင်း လမ်းဘေးရပ်နားထားသည့်ကားများအား လိုက်လံဖျက်ဆီးသူကို အုပ်ချုပ်ရေးအဖွဲ့မှဖမ်းဆီး Reviewed by THITHTOOLWIN on 08:43 Rating: 5
Powered by Blogger.