အီရန်နိုင်ငံမြောက်ပိုင်း၌ ရေကြီးမှုဖြစ်ပွား ၊ လူ ၇ ဦးသေဆုံး

အီရန်နိုင်ငံ၌ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို တွေ့ ရစဉ်(ဆင်ဟွာ)
တီဟီရန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ မြောက်ပိုင်း နှင့် အနောက်မြောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် လွန်ခဲ့သော နှစ်ရက်တာအတွင်း အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့ရကြောင်း ISNA သတင်းအေဂျင်စီက အောက်တိုဘာ ၆ ရက်တွင် ဖော်ပြခဲ့သည်။

မျှော်လင့်မထားသော ရေကြီးမှုကြောင့် Mazandaran ၊ Gilan နှင့် Golestan ပြည်နယ်များရှိ လမ်းများ ၊ လူနေအိမ်များ နှင့် တံတားများ ပျက်စီးခဲ့ရပြီး အခြေခံအဆောက်အအုံများ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရကြောင်း သတင်းက ဆိုသည်။

အီရန်နိုင်ငံ၌ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို တွေ့ ရစဉ်(ဆင်ဟွာ)

အီရန်နိုင်ငံ၌ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို တွေ့ ရစဉ်(ဆင်ဟွာ)

အီရန်နိုင်ငံ၌ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို တွေ့ ရစဉ်(ဆင်ဟွာ)

အီရန်နိုင်ငံ၌ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို တွေ့ ရစဉ်(ဆင်ဟွာ)

အီရန်နိုင်ငံ၌ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို တွေ့ ရစဉ်(ဆင်ဟွာ)

ရေစီးထဲတွင် မော်တော်ယာဉ်များ မျောပါခဲ့ရကြောင်း ၊ ကျေးလက်ဒေသများတွင် လျှပ်စစ်ဓာတ်အား နှင့် ဓာတ်ငွေ့ ပေးပို့ မှုများလည်း ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

အောက်တိုဘာ ၅ ရက်မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ၊ ယင်းမှာ အီရန်နိုင်ငံမြောက်ပိုင်းဒေသ၌ နှစ်ပေါင်း ၂ဝ အတွင်း အဆိုးရွားဆုံး မိုးကြီးမှုဖြစ်ကြောင်း သိရသည်။

အီရန်နိုင်ငံ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး အဖွဲ့ က ရေကြီးရေလျှံမှုဖြစ်ပွားနေသော ဒေသများမှ ပြည်သူများကို ၄င်းတို့ ၏ နေအိမ်များမှ ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးခဲ့ကြောင်း ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
အီရန်နိုင်ငံမြောက်ပိုင်း၌ ရေကြီးမှုဖြစ်ပွား ၊ လူ ၇ ဦးသေဆုံး အီရန်နိုင်ငံမြောက်ပိုင်း၌ ရေကြီးမှုဖြစ်ပွား ၊ လူ ၇  ဦးသေဆုံး Reviewed by THITHTOOLWIN on 11:40 Rating: 5
Powered by Blogger.