လေယာဉ်ပျက်ကျရာမှသေဆုံးကြသူတွေကို တိုင်းအစိုးရက ငွေကျပ် ၁၀သိန်းစီထောက်ပံ့သွားမည်


မန္တလေး-၁၆ အောက်တိုဘာ

ယနေ့မနက်ပိုင်းကလေယဉ်ပျက်ကျမှုတွင် တပ်မတော်အရာရှိ ၂ ဦးနှင့် လေယာဉ်အစိတ်အပိုင်းစထိမှန်ပြီး သေဆုံးသွားသည့် ငါးတန်းကျောင်းသူ တို့ အတွက် ကျပ် ၁၀ သိန်းစီ ထောက်ပံ့လှူဒါန်းသွားမည် ဟု မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ယနေ့နံနက် (၇)နာရီကျော်က တိုက်လေယာဉ်(၂)စီး ပျက်ကျမှုဖြစ်ပွားခဲ့သည်။ အဆိုပါ လေယာဉ်ပျက်ကျမှုဖြစ်ပွားသည့်နေရာသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့၊တပ်မတော်(လေ)နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့ကသွားရောက် စစ်ဆေးကြည့်ရှုခဲ့သည်။


(စကု)မြို့နယ်၊ သနပ္ပင်စုကျေးရွာ အနောက်ဘက် ကွင်းအမှတ် (၁၂၂၀ - A)တွင် နံနက် (၇) နာရီ (၂၅) မိနစ် ဝန်းကျင်က လေယာဉ်မှူး ဗိုလ်ကြီး ဖြိုးမောင်မောင် မောင်းနှင်တဲ့ တပ်မတော်တိုက်လေယာဉ် တစ်စီးပျက်ကျခဲ့ပြီး နောက် မှာနံနက် (၇)နာရီ (၄၅)မိနစ်ဝန်းကျင်လောက်မှာမင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်နှင့် တပင်ရွာကြား ဆားပွက်ချောင်းတံတား၏ ကိုက်(၅၀၀)ခန့်ဝန်းကျင်တွင် လေယာဉ်မှူး ဗိုလ်ကြီး ဟိန်းသူအောင် မောင်းနှင်တဲ့ တိုက်လေယာဉ် လေယာဉ်အမှတ် (၁၆၄၀) ပျက်ကျသွာခဲ့တာဖြစ်ကြောင်းသိရသည်။

အမှတ်(၁)ရပ်ကွက်နဲ့တပင်ကျေးရွာအကြား ပျက်ကျသည့်လေယာဉ်သည် တပင်ရွာ စင်္ကြန်တောင်ပေါ်ရှိ MPT ထပ်ဆင့်လွှင့်တာဝါတိုင်ကိုဝင် တိုက်မိခဲ့ပြီး မင်းဘူးမြို့၊ အောင်မြေရပ်၊ အမှတ်(၁)ရပ်ကွက်ရှိနေအိမ်မှ အသက်(၁၀)နှစ်အရွယ် မသွယ်ဇင်ငြိမ်းကိုလေယာဉ်ပျက်အပိုင်းအစထိမှန်ခဲ့ကြောင်းသိရသည်။ လယာဉ်ပျက်အပိုင်းအစထိမှန်ခဲ့တာကြောင့် ခါးနှင့်တင်ပါးတို့မှာ ဒဏ်ရာများရသွားပြီး မင်းဘူးခရိုင်ပြည်သူ့ဆေးရုံသို့ တင်ပို့ထားစဉ် သေဆုံးသွားကြောင်းသိရပါတယ်။

အခင်းဖြစ်နေရာများမှာ လေယာဉ်မှူးများ သေဆုံးခဲ့မှု အကြောင်းအရင်းများ နဲ့လေယာဉ်ပျက်ကျတဲ့ အကြောင်းအရင်းများကို စစ်ဆေးနေဆဲဖြစ်သည်။

၂၀၁၇ခုနှစ် ဇွန်လ (၇)ရက်နေ့မှာလည်း မြိတ်မှရန်ကုန်ကို လူ(၁၀၀)ကျော် တင်ဆောင်လာသည့် Y-8 လေယာဉ် ထားဝယ်ကမ်းရိုးတန်း ကျောက်နီမော်အနီးပျက်ကျခဲ့တာကြောင့်လိုက်ပါလာသူအားလုံး သေဆုံးမှုဖြစ်ပွားခဲ့ပြီး၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ(၃)ရက်နေ့က တောင်ငူမြို့နယ် လေတပ်စခန်းဌာနချုပ်မှ F 7 လေယာဉ် လေ့ကျင့်ပျံသန်းစဉ် ဇီးကုန်းကျေးရွာအနီး ပျက်ကျခဲ့မှုဖြစ်ပွားခဲ့သည်။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
လေယာဉ်ပျက်ကျရာမှသေဆုံးကြသူတွေကို တိုင်းအစိုးရက ငွေကျပ် ၁၀သိန်းစီထောက်ပံ့သွားမည် လေယာဉ်ပျက်ကျရာမှသေဆုံးကြသူတွေကို တိုင်းအစိုးရက ငွေကျပ် ၁၀သိန်းစီထောက်ပံ့သွားမည် Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.