တရုတ်ပြည် ငှားထားတဲ့ ဆိပ်ကမ်း ရေတပ်စခန်း ဖြစ်မလာနိုင်ဟု သီရိလင်္ကာ ပြောကြား

(သီရိလင်္ကာ အစိုးရက တရုတ်ပြည်ကို ငှားရမ်းခဲ့တဲ့ ဟမ်ဘန်တိုတာ ဆိပ်ကမ်းကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က တွေ့ရစဉ်)
သီရိလင်္ကာ အစိုးရက တရုတ်ပြည်ကို သူတို့ငှားရမ်းခဲ့တဲ့ ဟမ်ဘန်တိုတာ ဆိပ်ကမ်းဟာ စစ်အခြေစိုက်စခန်းတစ်ခု ဖြစ်လာနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောကြားခဲ့တာကို ဗုဒ္ဓဟူးနေ့ မနေ့က ပယ်ချလိုက်ပါတယ်။ အဲဒီဆိပ်ကမ်းကို သီရိလင်္ကာ အစိုးရက ဆောက်လုပ်ခ ချေးငွေတွေ မဆပ်နိုင်တဲ့အတွက် တရုတ်အစိုးရကို ၉၉ နှစ်ကြာ ဌားရမ်းဖို့ ပြီးခဲ့တဲ့ နှစ်က စာချုပ်ခဲ့ပါတယ်။

အမေရိကန် ဒု သမ္မတ မိုက် ပင့်စ် က အဲဒီ ဆိပ်ကမ်းဟာ မကြာခင်မှာ တရုတ်ရေတပ်ရဲ့ စစ်စခန်း ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး သီရီလင်္ကာ ဝန်ကြီးချုပ် Ranil Wickremesinghe ရာနီးလ် ဝစ်ကရမ်းမစင်းဂဲ က အဲဒီ ဆိပ်ကမ်းလုံခြုံရေးအတွက် မိမိတို့ တောင်ပိုင်းတိုင်း ရေတပ်ဌာနချုပ်က တပ်စွဲနေရာယူထားပါတယ်လို့် မနေ့က ပြောကြားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
တရုတ်ပြည် ငှားထားတဲ့ ဆိပ်ကမ်း ရေတပ်စခန်း ဖြစ်မလာနိုင်ဟု သီရိလင်္ကာ ပြောကြား တရုတ်ပြည် ငှားထားတဲ့ ဆိပ်ကမ်း ရေတပ်စခန်း ဖြစ်မလာနိုင်ဟု သီရိလင်္ကာ ပြောကြား Reviewed by THITHTOOLWIN on 11:17 Rating: 5
Powered by Blogger.