ကျောက်တန်းမြို့ ဘိုးဘွားရိပ်သာ၌ အဘိုးနှစ်ဦးဓားထိုးမှုဖြစ်ပွား


ရန်ကုန် အောက်တိုဘာ ၎

ရန်ကုန်တိုင်းဒေသကြီးတောင် ပိုင်းခရိုင် ကျောက်တန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ် ပြု ဘိုးဘွားရိပ်သာ၌ ယမန်နေ့ နံနက် ၁နာရီခွဲခန့်က အသက် ၈၃ နှစ်ရှိအဘိုးနှစ်ဦး ဓားထိုးမှုဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသ ကြီး ကျောက်တန်းမြို့နယ်ပါဒကြီး စံပြကျေးရွာရှိ ဘိုးဘွားရိပ်သာတွင် ယခုလ ၂ ရက် နံနက် ၈ နာရီမှ ယမန်နေ့ နံနက် ၈ နာရီအထိ ဒေါ်ကြည်ကြည်သန်းက အုပ်ချုပ် ရေးမှူးတာဝန်ထမ်းဆောင်နေရပြီး ဘိုးဘွားများဝေယျာဝစ္စဆောင်ရွက် ပြီး၍ ဘိုးဘွာရိပ်သာအဆောင်ရှိ အိပ်ခန်း၌အိပ်ပျော်နေစဉ် ယမန်နေ့ နံနက် ၁ နာရီခွဲခန့်က (အဘွား ဆောင်)တံခါးအားတွန်းပြီး ''ဒေါ် ကြည်ကြည်သန်း'' ''ဒေါ်ကြည် ကြည်သန်း''ဟု ခေါ်သံများကြား ရသဖြင့်သွားရောက်ခဲ့ရာ အဘိုး ဆောင်မှ ဦးအေးကျော်(၈၃နှစ်) (ယခင်လိပ်စာ/အောင်မင်္ဂလာလမ်း (၄)ရပ်ကွက် သာကေတမြို့) ယခု ဘိုးဘွားရိပ်သာနေသူမှာ ယာ နံဘေးထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာလက်ဒဏ်ရာနှစ်ချက်၊ ဝဲလက် ဖဝါးပြတ်ရှဒဏ်ရာနှစ်ချက်တို့ ရရှိ ပြီး ဘိုးဘွားရိပ်သာတွင် အဘိုး ဦးအေးကျော်နှင့် ခုတင်မျက်နှာ ချင်းဆိုင် အတူနေ ဦးသာထွန်း (၈၃နှစ်)(ယခင် လိပ်စာ/ နယ်မြေ (၁၃) ဗိုလ်ချုပ်လမ်း အောင်ချမ်း သာရပ်ကွက် သန်လျင်မြို့) ယခု ဘိုးဘွားရိပ်သာနေသူက ၄င်း၏ သွေးပေါင်ချိန်စက်ပျက်သွားသည့် ကိစ္စနှင့်ပတ်သက်၍မကျေမနပ်ဖြစ် စကားများရာမှ သံပရာသီးလှီးရန် ဆောင်ထားသော ဓားဖြင့် ထိုး ကြောင်းသိရပြီး ကျောက်တန်းမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ထိုမှ တစ်ဆင့်ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ အတွင်းလူနာအဖြစ် လွှဲပြောင်း ကုသလျက်ရှိသောကြောင့် ဓားဖြင့် ထိုးသူ အဘိုးဦးသာထွန်းအား အရေးယူပေးပါရန်ဒေါ်ကြည်ကြည် သန်းက တရားလိုပြုလုပ်၍တိုင် တန်းသဖြင့် ကျောက်တန်းမြို့မ ရဲစခန်းမှ အဘိုးဦးသာထွန်းအား အမှုဖွင့်အရေးယူစစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဆန်းမြင့်
The Union Daily
https://www.facebook.com/uniondaily.net
ကျောက်တန်းမြို့ ဘိုးဘွားရိပ်သာ၌ အဘိုးနှစ်ဦးဓားထိုးမှုဖြစ်ပွား ကျောက်တန်းမြို့ ဘိုးဘွားရိပ်သာ၌ အဘိုးနှစ်ဦးဓားထိုးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:17 Rating: 5
Powered by Blogger.