ကျပ်သိန်း ၇၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးသယ်ဆောင်လာသူများမှ အစစ်ဆေးမခံဘဲ တပ်ဖွဲ့ဝင် များအားခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိ


နေပြည်တော်။ အောက်တိုဘာလ ၈

မိုးကုတ်မြို့နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များမှ မင်္သကာဖွယ်တွေ့ရှိသောဆိုင်ကယ် ၅ စီးအားရပ်တန့်စစ်ဆေးရာ အစစ်ဆေးမခံပဲ တပ်ဖွဲ့ဝင်များအား ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးရမိခဲ့ရာ ၎င်းတို့သယ်ဆောင် လာသော ဘိန်းစိမ်းများဖမ်းဆီးရမိကြောင်းသိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၇ ရက်နေ့ ၀၈၃၀ အချိန်တွင် မိုးကုတ်မြို့နယ် လယ်ကြီးရဲကင်း စခန်းမှူး ဦးစီးတပ်ဖွဲ့ဝင်များသည် တပ်ဖွဲ့ဝင်များနှင့်အတူ ရဲကင်းရှေ့တွင် ဖြတ်သန်းသွားလာ နေသည့် မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးနေစဉ် မင်္သကာဖွယ်တွေ့ရှိ သည့်ဆိုင်ကယ် ၅ စီးအား ရပ်တန့်စစ်ဆေးမည်ပြုစဉ် အစစ်ဆေးမခံပဲမောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် မိုးကုတ် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့နှင့် ပူးပေါင်း၍ လိုက်လံရှာဖွေဖမ်းဆီးရာ ဖြူရောင်ရွာနှင့် ညောင်ကုန်း ရွာကြားလမ်းကွေ့အရောက်တွင် ဆိုင်ကယ် ၅ စီးအားတွေ့ရှိပြီး အဖမ်းမခံပဲ ခဲများဖြင့်ပစ်ပေါက် ခြင်း၊ တပ်ဖွဲ့ဝင်များအားထိုးကြိတ်ခြင်းများပြုသဖြင့် ၁၂ ဗို့ပြောင်းချောသေနတ်ဖြင့်ခြောက်လှန့် ပစ်ခတ်ခဲ့ရာ အောင်စိုး ၂၆ နှစ်၊ စိုးမိုးနိုင် ၂၂ နှစ်နှင့် ဆန်းဒေးထူး ၂၉ နှစ်တို့အား ဖမ်းဆီးရမိပြီး ကျန် ၂ ဦးမှ ထွက်ပြေးသွားခဲ့ပါသည်။

ထွက်ပြေးသွားသူ ၂ ဦးအား ဖမ်းဆီးရမိရေးအတွက် လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ရာ ညောင်ကုန်း ကျေးရွာအနီးတွင် မောင်ထွန်း ၂၅ နှစ်အား ဖမ်ဆီးရမိပြီး ၁ ဦးမှာအသာတကြည်အဖမ်းမခံပဲ လျှိုအတွင်းသို့ထွက်ပြေးသွားသဖြင့် ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ မျိုးလွင်ဝင်း ၂၁ နှစ်အား ဖမ်းဆီးရမိပြီး ယာဖက်ပေါင်နှင့် ကျောပြင်တို့တွင် ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ပါသည်။

၎င်းတို့စီးနင်းလာသည့်ဆိုင်ကယ်များအားစစ်ဆေးရာ ဘိန်းစိမ်း ၅၀ ကီလိုခန့်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၇၅ဝ သိန်း)တို့နှင့် ဆိုင်ကယ် ၅ စီးတို့ သိမ်းဆည်းရမိခဲ့သဖြင့် မိုးကုတ် မြို့မရဲစခန်း မယ(ပ) ၁၂၆/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဥပဒေ ပုဒ်မ ၁၉(က)/၂၁ ဖြင့်အမှုဖွင့်အရေးယူပြီး ကွင်းဆက်များစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

CCDAC Myanmar
https://www.facebook.com/CCDACMyanmar
ကျပ်သိန်း ၇၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးသယ်ဆောင်လာသူများမှ အစစ်ဆေးမခံဘဲ တပ်ဖွဲ့ဝင် များအားခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိ ကျပ်သိန်း ၇၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးသယ်ဆောင်လာသူများမှ အစစ်ဆေးမခံဘဲ တပ်ဖွဲ့ဝင် များအားခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 06:12 Rating: 5
Powered by Blogger.