လုပ်ငန်းရှင်တွေကို ငွေပိုချေးဖို့ ဘဏ်တွေကို တရုတ်အစိုးရ တိုက်တွန်း


တရုတ်ပြည်ရဲ့ စီပွားရေး ပိုမိုအားကောင်းကြီးထွားလာဖို့အတွက် ဘဏ်တွေအနေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို ငွေကြေးအရင်းအနှီးတွေ ပိုမိုချေးငှားကူညီကြဖို့ တရုတ်အစိုးရ က တိုက်တွန်းလိုက်ပါတယ်။

တရုတ် ဗဟိုဘဏ်ကလည်း အသေးစား စွန့်ဦးတီထွင်လုပ်ငန်းတွေကို အမေရိကန် ဒေါ်လာ ၁၀၉ ဘီလျံနဲ့ညီတဲ့ တရုတ်ယွမ်ငွေ ၇၅၀ ဘီလျံ ထုတ်ချေးထားတယ်လို့ ဆိုပါတယ်။ အဲဒီ ပုဂ္ဂလိက ကုမ္ပဏီတွေဟာ တရုတ်ပြည်မှာ အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးပြီး၊ နိုင်ငံရဲ့ ဓနအင်အားကို တိုးပွားစေမှာဖြစ်တယ်လို့လည်း တရုတ်အစိုးရ က ပြောဆိုပါတယ်။

တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး တိုက်ပွဲ ဆင်နွှဲနေချိန်မှာ တရုတ်ဗဟိုဘဏ်က နိုင်ငံတွင်းမှာ အသေးစား စွန့်ဦးတီထွင်လုပ်ငန်းတွေ တိုးတက်များပြားလာအောင် အားပေးကူညီနေတာဖြစ်ပါတယ်။

အာရှ ဖွံ့ဖြိုးရေးဘဏ် ADB ရဲ့ အဆိုအရ တရုတ်ပြည်ရဲ့ စီးပွားရေးဟာ ဒီနှစ် ၆.၆ ရာနှုန်း တိုးတက်လာမယ်လို့ ခန့်မှန်းထားပေမဲ့၊ ၂၀၁၉ ခုနှစ်မှာ ၆.၃ ရာခိုင်နှုန်းထိ ကျဆင်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
လုပ်ငန်းရှင်တွေကို ငွေပိုချေးဖို့ ဘဏ်တွေကို တရုတ်အစိုးရ တိုက်တွန်း လုပ်ငန်းရှင်တွေကို ငွေပိုချေးဖို့ ဘဏ်တွေကို တရုတ်အစိုးရ တိုက်တွန်း Reviewed by THITHTOOLWIN on 09:09 Rating: 5
Powered by Blogger.