သဗ္ဗညုဘုရားရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေး တရုတ်က အမေရိကန်ဒေါ်လာ တစ်သန်းကူညီမည်


မန္တလေး ၇ အောက်တိုဘာ

ပုဂံဒေသရှိ သဗ္ဗညုစေတီတော်ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက အမေရိကန် ဒေါ်လာ ၁ သန်းကူညီခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်မည့် သဗ္ဗညုစေတီတော် ပြုပြင်ထိန်းသိမ်းရေးအတွက် စာလွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

''ရှေးမူမပျက်ပြုပြင်ဖို့ တရုတ်က နည်းပညာ ၊ ငွေကြေး ပစ္စည်းအကုန်ကူညီမယ်။ ရှေးဟောင်းသုတေသနဌာနက ပညာရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းဆောင်ရွက်တယ်''ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူကပြောသည်။

ယခုလိုရှေးမူမပျက်ပြုပြင်ထိန်းသိမ်းမှုအတွက် အမေရိကန်ဒေါ်လာ ၁ သန်းကူညီမည်ဖြစ်ပြီး အချိန် ၅ နှစ်ကြာမည်ဖြစ်ကြောင်းသိရသည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံဒေသရှိ စေတီပုထိုးပေါင်း (၄၀၀) နီးပါးခန့် ပျက်စီးခဲ့သည်။

သဗ္ဗညုဘုရားသည် ၂၀၁၆ ခုနှစ်၊ သြဂုတ်လတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသောဘုရားများအနက်မှ တစ်ဆူဖြစ်ပြီး သဗ္ဗညုဘုရားသည် ပုဂံတွင် စေတီပုထိုးများအနက် အလွန်ထင်ရှားသည့် ဉာဏ်တော်အမြင့်ဆုံး ဘုရားတစ်ဆူ ဖြစ်သည်။

သဗ္ဗညုဘုရားပြုပြင်ပြီးပါက ဘုရားပေါ်သို့ တက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
သဗ္ဗညုဘုရားရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေး တရုတ်က အမေရိကန်ဒေါ်လာ တစ်သန်းကူညီမည် သဗ္ဗညုဘုရားရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေး တရုတ်က အမေရိကန်ဒေါ်လာ တစ်သန်းကူညီမည် Reviewed by THITHTOOLWIN on 10:16 Rating: 5
Powered by Blogger.