(၃)လခွဲအရွယ် သားငယ်အား ရောင်းစားပြီးထွက်ပြေးသူ မိခင်အား ဖမ်းဆီး


မိုးမောက် အောက်တိုဘာ (၁၉)

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့၌ မိခင်တစ်ဦးက ၎င်း၏ သား(၃)လခွဲအရွယ် ကလေးငယ်အားရောင်းစားပြီး ထွက်ပြေးလာခဲ့သဖြင့် စိန်လုံပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခဲ့ကြောင်းနှင့် ကလေးငယ်အား ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ လွယ်ဂျယ်မြို့ အောင်မင်္ဂလာရပ်ကွက်နေသူ ဦးအေးမင်းသည် ၎င်းနှင့်တစ်အိမ် တည်းငှားရမ်းနေထိုင်သည့် မမိုးမိုးဆိုသူသည်လောင်းကစားပြုလုပ်ပြီး အကြွေးများတင်နေသ ဖြင့်၎င်း၏ အသက်(၃)လခွဲအရွယ်သားဖြစ်သူအား ရှမ်းရွာတစ်ရွာတွင် ရောင်းစား၍ ထွက်ပြေးသွား ကြောင်းကို လူကုန်ကူးမှုတားဆီးနှိပ်နင်းရေးတပ်စိတ်(၂)လွယ်ဂျယ်စခန်း၌ အောက်တိုဘာ(၁၈) ရက်၊နံနက်(၉)နာရီတွင် လာရောက်သတင်းပေးချက်အရ နံနက်(၁၁)နာရီတွင် မိုးမောက်မြို့နယ်၊ စိန်လုံပူးပေါင်းရေးဂိတ်တွင် မိခင်ဖြစ်သူမမိုးမိုးအား ဖမ်းဆီးရမိခဲ့သည်။


အဆိုပါ (၃)လခွဲအရွယ်ကလေးငယ်အား တရုတ်နိုင်ငံနှင့် ကပ်လျက်ရှိ မံစီမြို့နယ်၊ တုန်းဟုန်း(ရှမ်း)ကျေးရွာတွင် တရုတ်ဖဲသွားရောက်ကစားရာ ဖဲရှုံးသဖြင့် ကြံရာမရဖြစ်ကာ ကလေးငယ်အား အမျိုးသမီးတစ်ဦးထံသို့ တရုတ်ငွေယွမ် (၅၀၀၀)ဖြင့် ရောင်းစားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် တရုတ်နိုင်ငံ၊ လားရင်းရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ပြီး တရုတ်ရဲအကူအညီဖြင့် ကျေးရွာအတွင်းရေးမှူး စိုင်းခေလင်းနှင့် ခေါ်ယူညှိုနှိုင်းဆောင်ရွက်ခဲ့ရာ ညနေ(၅) နာရီတွင် ကလေးငယ်အားပြန်လည် ကယ်တင်ရရှိခဲ့ကြောင်းနှင့် ကလေးငယ်အား ရောင်းချခဲ့သူ မိခင်အား ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

Kachin Iprd
https://www.facebook.com/shan.lay.3950
(၃)လခွဲအရွယ် သားငယ်အား ရောင်းစားပြီးထွက်ပြေးသူ မိခင်အား ဖမ်းဆီး (၃)လခွဲအရွယ် သားငယ်အား ရောင်းစားပြီးထွက်ပြေးသူ မိခင်အား ဖမ်းဆီး Reviewed by THITHTOOLWIN on 18:59 Rating: 5
Powered by Blogger.