ရေကြည်မြို့နယ် ပန်းပုကွင်းကျေးရွာအုပ်စုတွင် တောဆင် သုံးကောင် ဝင်ရောက်မူကြောင့် ဒေသခံပြည်သူများ စိုးရိမ်နေ


အောက်တိုဘာ ၂၀ ရေကြည်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ကက္ကူကြီး ကျေးရွာအုပ်စု၌ အောက်တိုဘာ ၁၆ ရက်နေ့ ညများတွင် လည်းကောင်း အောက်တိုဘာ ၁၈ ရက်နေ့ညများ နှင့် နံနက် ၃ နာရီ မှ ၅ နာရီ ခန့်အထိ ပုသိမ် မုံရွာကားလမ်းမကြီးကို ကျော်၍ ပန်းပုကွင်းကျေးရွာ များတွင် ပြောင်းခင်းများ စပါးခင်းများ ငှက်ပျောတောများ ကလောစိုက်ခင်းများကို ညဘက် ဝင်ရောက်ကာ စားသောက်ကြပြီး လူနှင့် လူနေအိမ်များအား ဖျက်ဆီးခြင်းမရှိကြောင်း သိရသည်။


အဆိုပါ တောဆင်သုံးကောင်သည် လေးမျက်နှာမြို့နယ် ချင်းလယ်ကျေးရွာ ( ခန့်မှန်း )ဘက်က လာသည်ဟု ထင်ရပြီး ငါးသိုင်းချောင်းမြို့အုပ်ချုပ်ရေးမှူး နှင့် အမှတ် ၃၄၄ အမြောက်တပ်ရင်းမှ တပ်မတော်သားများ ဒေသခံပြည်သူများ သစ်တော တောခေါင်းများ ကုန်ပြင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများမှ ကျေရွာအတွင်သို့ ဝင်ရောက်မှုမရှိစေရေး လူစုလူဝေးဖြင့် ဆူညံအောင်ပြုလုပ်ခြင်း ဗျောက်အိုးများဖေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်၍ တာဆီးမှုများ ပြုလုပ်နေကြရကြောင်း သတင်းရရှိသည်။

မင်းဇော်ဦး (ရေကြည်)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ရေကြည်မြို့နယ် ပန်းပုကွင်းကျေးရွာအုပ်စုတွင် တောဆင် သုံးကောင် ဝင်ရောက်မူကြောင့် ဒေသခံပြည်သူများ စိုးရိမ်နေ ရေကြည်မြို့နယ် ပန်းပုကွင်းကျေးရွာအုပ်စုတွင် တောဆင် သုံးကောင် ဝင်ရောက်မူကြောင့် ဒေသခံပြည်သူများ စိုးရိမ်နေ Reviewed by THITHTOOLWIN on 19:50 Rating: 5
Powered by Blogger.