မောင်တောမြို့နယ်မှာ ကျပ်သန်းပေါင်း နှစ်ထောင်ကျော်ဖိုးရှိ စိတ်ကြွ​ဆေးပြားတွေဖမ်းမိ


ရခိုင်ပြည်နယ် ​မောင်တောမြို့နယ် ၊မြို့ဦးကျေးရွာအုပ်စု လသာကျေးရွာမှာ သတင်းအရဝင်ရောက်ရှာဖွေရာမှ ယနေ့(အောက်တိုဘာလ(၈)ရက်) ညနေ (၄)နာရီခန့်က ​ငွေကျပ်သန်းပေါင်းနှစ်ထောင်ကျော်တန်ဖိုးရှိတဲ့(WY)စာတမ်းပါပန်းရောင်စိတ်ကြွဆေးပြားတွေဖမ်းဆီးရမိခဲ့တယ်လို့ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။


လသာကျေးရွာနေ ​ရော်ဖီးရဲ့နေအိမ်မှာရော်ဖီး(ခ)ရော်ဖီးအူလာ(ဘ)ဂျီနာ(ခ)ဒီမာမောက်လ်ဆိုသူဟာ မူးယစ်ဆေးဝါးအိတ်များရွှေ့ပြောင်းသယ်ဆောင်နေကြောင်းသတင်းရရှိတဲ့အတွက်ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး ကြည်လင်းရဲ့စီမံကွပ်ကဲမှုနဲ့မောင်တောခရိုင် ဒုရဲမှူးကြီးထွန်းမြင့်ထွန်းကိုယ်တိုင်အနီးကပ်ကြီးကြပ်ကာမူးယစ်ပူးပေါင်းအဖွဲ့ကရှာဖွေမှုတွေပြုလုပ်ရာမှာ ​တွေ့ရှိခဲ့တာပါ။ နေအိမ်မှာလူတစ်ယောက်မှမတွေ့တဲ့အတွက် သက်သေတွေနဲ့အတူဝင်ရောက်ရှာဖွေခဲ့ရာမှာ အိမ်အတွင်းခန်းက အ၀ါရောင်ဆာလာအိတ်(၆)လုံးထဲမှာwy စာတမ်းပါပန်းရောင်စိတ်ကြွဆေးပြား(၁၁၇၀၀၀၀)၊အလေးချိန်(၁၁ရ)ကီလို၊ကာလတန်ဘိုးစုစုပေါင်းတန်ဖိုးကျပ်သန်းပေါင်း(၂၃၄၀)အားရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။


ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ​မောင်တောမြို့မရဲစခန်းကတရားခံ​တွေကို အမှုဖွင့်နိုင်ရေးစီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။


သတင်း- လဝန်းရံ(စစ်​​တွေ)
5 PLUS NEWS
https://www.facebook.com/pg/5plusnews

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ