ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ကို ထိုင်ဝမ်အစိုးရ ဖိတ်ကြား

(ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကို တွေ့ရစဉ်)
 ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ကို ထိုင်ဝမ်အစိုးရက အလည်အပတ် ကြွရောက်ဖို့ ဖိတ်ကြားလိုက် ပါတယ်။

တရုတ်အစိုးရ နဲ့ ဗာတီကန် တို့ သမိုင်းဝင် ချစ်ကြည်ရေးလက်မှတ် ရေးထိုးခဲ့ကြအပြီး၊ ဗာတီကန်ကို သွားရောက်လည်ပတ်ခဲ့တဲ့ ထိုင်ဝမ် သမ္မတ က အခုလို ဖိတ်ကြားလိုက်တာပါ။

ပုပ်ရဟန်းမင်းကြီးကလည်း ထိုင်ဝမ် သမ္မတ စိုင်အင်းဝမ် ကို နှုတ်ဆက်စကားဆိုလိုက်ပြီး၊ ထိုင်ဝမ်အတွက် ဆုတောင်းမေတ္တာပို့သပါကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ဗာတီကန် နဲ့ တရုတ်ပြည်ကြား သမိုင်းဝင် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့အပြီး ထိုင်ဝမ်မှာ ရိုမင်ကက်သလစ် ခရစ်ယာန် ဂိုဏ်းအုပ် ဘုန်းကြီးတွေကို ဗာတီကန်က ခန့်အပ်ပေးဖို့ လမ်းပွင့်သွားခဲ့ပါတယ်။

ခရစ်ယာန်ဘာသာဝင် ထိုင်ဝမ် သမ္မတဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလည်း ဗာတီကန်ကို သွားရောက်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ကို ထိုင်ဝမ်အစိုးရ ဖိတ်ကြား ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ကို ထိုင်ဝမ်အစိုးရ ဖိတ်ကြား Reviewed by THITHTOOLWIN on 09:30 Rating: 5
Powered by Blogger.