အင်ဒိုငလျင်ကြောင့် ကူးစက်ရောဂါ အန္တရာယ်ရှိနေ

(အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းက Palu ပါလူးမြို့မှာ ငလျင်ကြောင့် ပျက်စီးသွားတဲ့ တံတားတစ်စင်းကို တွေ့ရစဉ်)
 မြေငလျင်နဲ့ ဆူနာမီရေလှိုင်းဒဏ် ခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းက Palu ပါလူးမြို့မှာ မိုးဆက်တိုက်ရွာနေပြီး ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနဲ့ ဝမ်းရောဂါတွေဖြစ်ပွားမှုအပါအဝင် လူထုကျန်းမာရေးအတွက် အန္တရာယ်ရှိနေတဲ့အတွက် သက်ဆိုင်ရာတွေက သတိပေးကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

ငလျင်ဒဏ် အထိနာခဲ့တဲ့ အဲဒီ ပါလူးမြို့ ရပ်ကွက်တချို့က အပျက်အစီးတွေအောက်မှာ လူ ၅ ထောင်လောက်ရဲ့ ရုပ်အလောင်းတွေရှိနေပြီး ပုပ်သိုးနေတဲ့အတွက် အာဏာပိုင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပိုးသတ်ဆေးတွေကို ရဟတ်ယာဉ်တွေပေါ်ကနေ ကျဲချခဲ့ပါတယ်။ ယင်ကောင်တွေ၊ ပိုးဟပ်တွေနဲ့ ကြွက်တွေကနေ ကူးစက်ရောဂါတွေ ပြန့်ပွားမယ့် အန္တရာယ်ကို တားဆီးရေးအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၈ နေ့က လှုပ်ခဲ့တဲ့ ပြင်းအား ၇.၅ ရှိ မြေငလျင်နဲ့ နောက်ဆက်တွဲပေါ်ပေါက်ခဲ့တဲ့ ဆူနာမီ ရေလှိုင်းကြောင့် လူ ၂ ထောင်ကျော်သေပြီး ၂ သိန်းကျော် နေရပ်က စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
အင်ဒိုငလျင်ကြောင့် ကူးစက်ရောဂါ အန္တရာယ်ရှိနေ အင်ဒိုငလျင်ကြောင့် ကူးစက်ရောဂါ အန္တရာယ်ရှိနေ Reviewed by THITHTOOLWIN on 10:12 Rating: 5
Powered by Blogger.