ကုန်တင်ကားပေါ်ကနေ ဒေါ်လာ ၃ သန်းတန် စိတ်ကြွဆေးတွေ ဗီယက်နမ်မှာဖမ်းမိ


အမြန်မောင်းလာတဲ့ ကုန်တင်ကားပေါ်ကနေ ဒေါ်လာ ၃သန်းလောက်တန်တဲ့ methamphetamine စိတ်ကြွဆေးတွေကို ဗီယက်နမ်ရဲတွေက သိမ်းဆည်းရမိတယ်လို့ အာဏာပိုင်တွေက မနေ့က ပြောကြားလိုက်ပါတယ်။

လူနှစ်ယောက်ထွက်ပြေးသွားပေမဲ့ လာအိုနိုင်ငံသား တယောက်ကို နောက်ပိုင်းမှာ ဖမ်းဆီးမိပါတယ်။

ဗီယက်နမ်အလယ်ပိုင်းက ကမ္ဘာလှည့်တွေ အလာများတဲ့မြို့ကို မူးယစ်ဆေးဝါးတွေ ပို့ဆောင်ပေးခ ဒေါ်လာ တသောင်းရမယ်ဆိုလို့ ပို့ပေးတာလို့ ပြောပါတယ်။

နောက်တဦးဖြစ်တဲ့ ဗီယက်နမ်နိုင်ငံသားကိုတော့ ရဲက ရှာဖွေနေပါတယ်။

ကမ္ဘာမှာ ဗီယက်နမ်နိုင်ငံဟာ မူးယစ်ဆေးဝါးဥပဒေ အတင်းကြပ်ဆုံး နိုင်ငံဖြစ်ပေမဲ့ လာအို-ထိုင်း-မြန်မာနယ်စပ် ရွှေတြိဂံက မူးယစ်ဆေးဝါးတွေကို မှောင်ခိုသယ်ဆောင်လာပြီး မူးယစ် ဈေးကွက်ဖြစ်နေတဲ့နိုင်ငံ ဖြစ်နေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကနေ မူးယစ်ဆေးပြားတွေ ၀င်လာတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကုန်တင်ကားပေါ်ကနေ ဒေါ်လာ ၃ သန်းတန် စိတ်ကြွဆေးတွေ ဗီယက်နမ်မှာဖမ်းမိ ကုန်တင်ကားပေါ်ကနေ ဒေါ်လာ ၃ သန်းတန် စိတ်ကြွဆေးတွေ ဗီယက်နမ်မှာဖမ်းမိ Reviewed by THITHTOOLWIN on 10:03 Rating: 5
Powered by Blogger.