ဖယောင်းတိုင်ဖြင့် ဘုရားမီးပူးဇော်ရာမှ နေအိမ်ခန်းငှားအတွင်း မီးလောင်မှုဖြစ်ပွားခဲ့


တာချီလိတ် အောက်တိုဘာ ၂၈

ဖယောင်းတိုင်ဖြင့် ဘုရားမီးပူးဇော်ရာမှ နေအိမ်ခန်းငှားအ တွင်း မီးလောင်မှုဖြစ်စဉ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ စကားဝါလမ်းရှိ အိမ်ခန်းငှား၌ အောက် တိုဘာ ၂၈ ရက်နေ့ လည်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့လည် ၃ နာရီခန့်တွင် တာချီလိတ် မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ စကားဝါလမ်း၊ အိမ်အမှတ်(၈/၅၃)၊ ခန်းအမှတ်(၈)တွင် မရန်ကြူ (၃၀ နှစ်)သည် သုံးထပ်သား ဘုရား စင်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူးဇော်ခဲ့ပြီး အပြင်သို့ ထွက် သွားရာ ဖယောင်းတိုင်းမီးမှ မီးစာကုန်ခမ်းကာ နံရပ်ကပ်သုံး ထပ် သား ဘုရားစင်အား မီးကူးစက်လောင်ကျွမ်းပြီး ဘုရားစင်အောက် ရှိ သုံးထပ်သား ဗီရို တစ်လုံး မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ မီး သတ်ဦးစီးဌာနမှ သိရပါတယ်။


မီးလောင်ရာသို့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးပေါ် ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ မြို့မစခန်းမှူး ဒုရဲမှူး မျိုးခိုင်နှင့် နယ်ထိန်းတပ်ဖွဲ့ ဝင် များ၊ တာချီလိတ်မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဇော်လင်း ဦးစီး မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် ဒုတပ်ရင်းမှူး ဦးရဲနန္ဒာလင်း နှင့် မီးသတ် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မီးသတ် ယာဉ် သုံးစီးဖြင့် အခင်းဖြစ်နေရာသို့ သွားရောက် ငြိမ်းသတ်ခဲ့တယ် လို့ဆိုပါတယ်။

''ကျွန်တော်တို့ ရောက်တဲ့အချိန် အနီးပတ်ဝန်းက ၀ိုင်းဝန်း ငြိမ်းသတ်ထားတော့ ဆုံးရှုံးမှု နည်းသွားတာပေါ့၊ ဖယောင်းတိုင် မီးဇာကုန်ပြီး ဘုရားစင်အောက်ခင်းကို မီးစွဲပြီး စတင်လောင်ကျွမ်းခဲ့တာပါ'' ဟု မီးသတ်တပ်ဝင်တစ်ဦးက ပြောပါတယ်။

မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာ အသုံးပြုသူ မရန်ကြူ (၃၀ နှစ်)က တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့် ဆောင်ရွက် ထား ကြောင်း သိရပါတယ်။

မောင်မောင်(တခလ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ဖယောင်းတိုင်ဖြင့် ဘုရားမီးပူးဇော်ရာမှ နေအိမ်ခန်းငှားအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ ဖယောင်းတိုင်ဖြင့် ဘုရားမီးပူးဇော်ရာမှ နေအိမ်ခန်းငှားအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ Reviewed by THITHTOOLWIN on 07:55 Rating: 5
Powered by Blogger.