မြန်မာ-ဂျပန် သံတမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ ရက် ၉ဝ ဗီဇာကင်းလွတ်ခွင့် ဒီဇင်ဘာ ၁ ရက်မှ စတင်ရရှိမည်


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ဂျပန်နိုင်ငံအစိုးရတို့သည် နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ နှစ်နိုင်ငံသံတမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအနေဖြင့် ရက်ပေါင်း (၉ဝ)ထက် မကျော်လွန်စေဘဲ နေထိုင်ခွင့်ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်ပြုရေးဆိုင်ရာ သံတမန် စာချွန်လွှာကို လဲလှယ်ခဲ့ပြီး ဖြစ်ပါသည်။

 ယင်းအပြန်အလှန်ဗီဇာကင်းလွတ်ခွင့် သဘော တူညီချက်သည် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ သက်ဝင်မည်ဖြစ်ကြောင်း သိရသည်။

The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မြန်မာ-ဂျပန် သံတမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ ရက် ၉ဝ ဗီဇာကင်းလွတ်ခွင့် ဒီဇင်ဘာ ၁ ရက်မှ စတင်ရရှိမည် မြန်မာ-ဂျပန် သံတမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ ရက် ၉ဝ ဗီဇာကင်းလွတ်ခွင့် ဒီဇင်ဘာ ၁ ရက်မှ စတင်ရရှိမည် Reviewed by THITHTOOLWIN on 10:14 Rating: 5
Powered by Blogger.