တန်ဇန်းနီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် မိုးကြိုးပစ်၍ ကျောင်းသား ၆ဦးသေဆုံး

မိုးကြိုးပစ်ခတ်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
  တန်ဇန်းနီးယား၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

 တန်ဇန်းနီးရှားနိုင်ငံ အနောက်မြောက်ပိုင်း Geita ဒေသ ရှိ မူလတန်းကျောင်း တစ်ခုကို အောက်တိုဘာ ၁၈ ရက်တွင် မိုးကြိုးပစ်ခတ်ခဲ့ရာ အနည်းဆုံး ကျောင်းသား ၆ဦးသေဆုံးခဲ့ပြီး အခြားလူ ၂၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Geita ဒေသဆိုင်ရာ ပညာရေးမှူး Yese Kanyuma က တောင်ထူထပ်သောဒေသ ရှိ Emaco Vision မူလတန်းကျောင်းအား နံနက်ပိုင်းတွင် မိုးကြိုးပစ်ခတ်ခဲ့ရာ ကလေး ၆ဦး နေရာ၌ပင်သေဆုံးခဲ့ကြောင်း ပြောခဲ့သည်။

Geita ဒေသ ကော်မရှင်နာ  Josephat Maganga က အဆိုပါကျောင်းသည် Geita မြို့မှ ၄ကီလိုမီတာအကွာတွင် တည်ရှိပြီး မူကြိုကျောင်းသားများအပါအဝင် ကျောင်းသား ၅၈၉ဦး စာသင်ကြားလျက်ရှိကြောင်း ပြောခဲ့သည်။

၎င်းက မိုးကြိုးပစ်ခတ်ချိန်တွင် မိုးရွာသွန်းပြီး မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နေကြောင်း ပြောကြားခဲ့သည်။

မိုးကြိုးသည် ၂တန်း နှင့် ၃တန်းကျောင်းသားများ၏ စာသင်ခန်း ၂ခန်းခေါင်မိုးကို ဖောက်၍ ပစ်ခတ်ခဲ့ရာ ကျောင်းသား ၆ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူကပြောကြားခဲ့သည်။

 (Xinhua)
http://www.xinhuamyanmar.com
တန်ဇန်းနီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် မိုးကြိုးပစ်၍ ကျောင်းသား ၆ဦးသေဆုံး တန်ဇန်းနီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် မိုးကြိုးပစ်၍ ကျောင်းသား ၆ဦးသေဆုံး Reviewed by THITHTOOLWIN on 17:06 Rating: 5
Powered by Blogger.