UEFA အကောင်းဆုံးကစားသမားဆုကို ရော်နယ်ဒိုနှင့် ဆာလာ တို့ကို ကျော်ဖြတ်ပြီး လူကာမိုဒရစ် ဆွတ်ခူး


UEFA က ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာ အမျိုးသားအကောင်းဆုံးကစားသမားဆုကို ရီးယဲလ်မက်ဒရစ်အသင်းနှင့် ခရိုအေးရှား ကွင်းလယ်ကစားသမား လူကာမိုဒရစ် ဆွတ်ခူးရရှိခဲ့ကြောင်း သိရ သည်။

ရီးယဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား လူကာမိုဒရစ်သည် ၄င်း၏ ရီးယဲလ်မက်ဒရစ် ကစားဖော်ဟောင်းဖြစ်သည့် ဂျူဗင်တပ်အသင်း တိုက်စစ်မှူး စီရော်နယ်ဒိုနှင့် လီဗာပူးအသင်းမှ တိုက်စစ်မှူး ဆာလက်တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။


ထို့အပြင် နေရာအလိုက် အကောင်းဆုံးကစားသမားဆုရွေးချယ်ပေးအပ်ရာတွင်လည်း မိုဒရစ် ကပင် ကွင်းလယ်ကစားသမားဆုကို ထပ်မံရရှိခဲ့သည်။ နေရာအလိုက်အကောင်းဆုံးကစားသမားဆုများမှာ ဂိုးသမားဆုကို ကေလာနာဗက်စ်က ရရှိခဲ့ပြီး၊ နောက်တန်းကစားသမားဆုကို ရာမို့စ်၊ ကွင်းလယ်ဆုအဖြစ် မိုဒရစ်နှင့် ရှေ့တန်းဆုကို ရီးယဲလ်အသင်းမှ ဂျူဗင်တပ်အသင်းကို ပြောင်းရွေ့သွားခဲ့သည့် ရော်နယ်ဒိုတို့က ဆွတ်ခူးရရှိခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းသားများကပင် ဆွတ်ခူးရရှိခဲ့ကြခြင်းဖြစ်သည်။

လူကာမိုဒရစ်သည် ပြီးခဲ့သည့်ရာသီက ရီးယဲလ်မက်ဒရစ်အသင်း ချန်ပီယံလိဂ်ဆုဖလားရရှိအောင် အဓိကနေရာက ပံ့ပိုးပေးခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ နိုင်ငံ့လက်ရွေးစင်ဖြစ်သည့် ခရိုအေးရှား အသင်းကို ဗိုလ်လုပွဲအဆင့်ထိရောက်အောင် အဓိကစွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခရိုအေးရှားအသင်း ချန်ပီယံမဖြစ်ခဲ့သော်လည်း မိုဒရစ်သည် ရွှေဘောလုံးဆုကို ရရှိခဲ့သည်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
UEFA အကောင်းဆုံးကစားသမားဆုကို ရော်နယ်ဒိုနှင့် ဆာလာ တို့ကို ကျော်ဖြတ်ပြီး လူကာမိုဒရစ် ဆွတ်ခူး UEFA အကောင်းဆုံးကစားသမားဆုကို ရော်နယ်ဒိုနှင့် ဆာလာ တို့ကို ကျော်ဖြတ်ပြီး လူကာမိုဒရစ် ဆွတ်ခူး Reviewed by THITHTOOLWIN on 10:30 Rating: 5
Powered by Blogger.