MLM ကုမ္ပဏီ အိမ်းစတား(AIM STAR) က MLM စနစ်နဲ့ရောင်းချမှုရပ်ဆိုင်း

စက်တင်ဘာ ၁၈ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရဲ့ ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်း MLM တွေကို တားမြစ်တဲ့ အမိန့်ကြေညာစာ ထွက်လာအပြီး ချက်ချင်းဆိုသလိုပဲ နာမည်ကြီး ဆင့်ပွားဈေးကွက်ဖြန့်ချိရေးကုမ္ပဏီဖြစ်တဲ့ အိမ်းစတား ကုမ္ပဏီက MLM စနစ်နဲ့ပစ္စည်းတွေရောင်းချတာ ရပ်ဆိုင်းလိုက်တယ်လို့ အဲဒီကုမ္ပဏီက စက်တင်ဘာ ၁၈ ရက် နေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။

 သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက်၊ ဧရာဝဏ်လမ်းပေါ်က နာမည်ကြီး MLM ကုမ္ပဏီတစ်ခုဖြစ်တဲ့ Aim Star Network (MNR) Co., Ltd ဟာ အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၃၁ နဲ့ ပြီးခဲ့တဲ့ ဇွန်လက သာကေတနယ်မြေရဲစခန်းမှာ အမှုဖွင့်ခံထားရတဲ့ ကုမ္ပဏီလည်းဖြစ် ပါတယ်။

Aim Star ကုမ္ပဏီဟာ မိသားစုသုံးရေသန့်စက် ၊ စပါးပင်စည်ဆီ နဲ့ စပါးနို့ရည် ဖြည့်စွက် အာဟာရဘူး ၊ ဖြည့်စွက်အာဟာရ၊ ငါးကြီးဆီ စတာတွေအပြင် အခြားပစ္စည်းပေါင်းများစွာကို MLM စနစ်နဲ့ရောင်းချနေ တာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ကြေညာချက်အပြည့်အစုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

One News Myanmar
https://www.facebook.com/onenewsmyan

MLM ကုမ္ပဏီ အိမ်းစတား(AIM STAR) က MLM စနစ်နဲ့ရောင်းချမှုရပ်ဆိုင်း MLM ကုမ္ပဏီ အိမ်းစတား(AIM STAR) က MLM စနစ်နဲ့ရောင်းချမှုရပ်ဆိုင်း Reviewed by THITHTOOLWIN on 17:55 Rating: 5
Powered by Blogger.