မြန်မာအစိုးရတပ် မှ KIA စခန်း တစ်ခုကို ထိုးစစ်ဆင် သိမ်းပိုက်

ဆဒုံဒေသရှေ့တန်း KIA တပ်ဖွဲ့၊
ကချင်ပြည်နယ် အရှေ့ဘက် မြစ်ကြီးနား-ဗန်းမော်လမ်း အနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်း တစ်ခုကို မြန်မာအစိုးရတပ်မှ စက်တင်ဘာ (၈)ရက် စနေနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

Dabak နှင့် Maisak Pa ကြား အဆိုပါ KIA ရှေ့တန်းစခန်းငယ်ကို အစိုးရတပ် အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် ယမန်နေ့ ညနေ (၄)နာရီခန့်တွင် တိုက်ပွဲဖြစ်ပြီး ၎င်းစခန်းကို စွန့်ခွာပေးလိုက်ရသည်ဟု လိုင်ဇာ KIA သတင်းရပ်ကွက် အတည်ပြုပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် ၎င်း၏ လက်နက်ကိုင် KIA နှင့် တပ်မတော်ကြား ၁၉၉၄ နှင့် ၂၀၁၃ ချုပ်ဆိုခဲ့သည့် စာချုပ်များကို အခြေခံပြီး နှစ်ဖက်အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် တင်ပြဆွေးနွေးခဲ့သော်လည်း တပ်မတော်ဘက်မှ လက်ခံခြင်းမရှိသေးပါ။

Kachinnews
http://kachinnews.com/
မြန်မာအစိုးရတပ် မှ KIA စခန်း တစ်ခုကို ထိုးစစ်ဆင် သိမ်းပိုက်  မြန်မာအစိုးရတပ် မှ KIA စခန်း တစ်ခုကို ထိုးစစ်ဆင် သိမ်းပိုက် Reviewed by THITHTOOLWIN on 21:48 Rating: 5
Powered by Blogger.