ကုန်သွယ်စစ်ကြောင့် ထိခိုက်နိုင်ကြောင်း IMF သတိပေး

Photo: MARIO TAMA / GETTY IMAGES NORTH AMERICA / AFP
တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုကြား ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေး အထိနာသွားနိုင်တယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ပြောလိုက်ပါတယ်။

ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံကြား ကုန်သွယ်စည်းကြပ်ခွန်တွေ အပြန်အလှန်တိုးမြှင့်နေကြရာမှာ တနင်္လာနေ့က အမေရိကန်က တရုတ် ရဲ့ သံမဏိနဲ့ အလူမီနီယမ်တွေအပေါ် စည်းကြပ်ခွန် ဒေါ်လာ ဘီလျံ ၂၀၀ တိုးမြှင့်ချမှတ်ခဲ့လို့ စည်းကြပ်ခွန် ပမာဏ ဒေါ်လာ ၂၅၀ ဖြစ်သွားခဲ့ပါတယ်။

တရုတ်ကလည်း အမေရိကန်ကုန်စည်တွေအပေါ် ဒေါ်လာ ဘီလျံ ၁၁၀ ချမှတ်စည်းကြပ်ထားတာပါ။

လက်ရှိအခြေအနေကနေ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအပေါ် စောင့်ကြည့်နေကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲမှာ ဘယ်သူမှ အနိုင်ရမှာမဟုတ်တဲ့အတွက်၊ သဘောတူပြေလည်နိုင်မယ့် အချက်တွေကိုသာ ဆက်လက်ရှာဖွကြဖို့ အရေးကြိးကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ပြောပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
ကုန်သွယ်စစ်ကြောင့် ထိခိုက်နိုင်ကြောင်း IMF သတိပေး ကုန်သွယ်စစ်ကြောင့် ထိခိုက်နိုင်ကြောင်း IMF သတိပေး Reviewed by THITHTOOLWIN on 11:41 Rating: 5
Powered by Blogger.