တရုတ်ပြည်မှာ HIV/AIDS ကူးစက်သူ နှစ်စဉ် ၁၄% တိုးနေ

(သွေးစစ်နေတာကို တွေ့ရစဉ်)
တရုတ်အစိုးရက သူတို့ နိုင်ငံမှာ HIV/ AIDS ဖြစ်ပွားသူဦးရေ တစ်နှစ်ကို ၁၄% တိုးတက်လာနေတယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။ ဇွန်လကုန်အထိ နိုင်ငံတဝန်း ဒီရောဂါပိုး ကူးစက်ပြန့်ပွားနေသူဦးရေ ၈ သိန်း ၂ သောင်းကျော်ရှိပြီး အရင် တစ်နှစ်တာကာလထက် ၁ သိန်းကျော် များလာတယ်လို့ ဆိုပါတယ်။

တရုတ်ပြည်မှာ သွေးသွင်းမှုတွေကနေ HIV/AIDS ကူးစက်မှုလုံးဝမရှိသလောက်ဖြစ်အောင် တားဆီးကာကွယ်နိုင်ခဲ့ပြီဖြစ်လို့ အခု ကူးစက်သူ အားလုံးလိုလိုဟာ လိင်ဆက်ဆံမှုကြောင့်ဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
တရုတ်ပြည်မှာ HIV/AIDS ကူးစက်သူ နှစ်စဉ် ၁၄% တိုးနေ တရုတ်ပြည်မှာ HIV/AIDS ကူးစက်သူ နှစ်စဉ် ၁၄% တိုးနေ Reviewed by THITHTOOLWIN on 11:54 Rating: 5
Powered by Blogger.