နိုင်ငံသားစိစစ်ရေးကတ်အတုဖြင့် ဘဏ်အကောင့်များ Hack ၍ ငွေထုတ်ယူသူများအား အမှုဖွင့်အရေးယူထား


နေပြည်တော်၊ ဩဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မှုခင်းရဲတပ်ဖွဲ့စု(ရန်ကုန်)မှ တပ်ဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း(ပ)၃၇၆/၂၀၁၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ) အမှုမှတရားခံ လှိုင်မြို့နယ်နေ မလမင်းချို (ခ)မဆွေဆွေသန့်(၂၅)နှစ်သည် အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်နေ နိုင်ဂျီးရီးယားနိုင်ငံသား ဂျိုးဇက်(ခ)Mayowa Joseoph Olaniran နှင့် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်နေ Nnadi Chima Desmond တို့ ပြုလုပ်ပေးသော နိုင်ငံသားစိစစ်ရေးကတ်အား အတုမှန်းသိလျက်နှင့် အစစ်အမှန် အနေဖြင့် အသုံးပြုကာ အခြားသူများ၏ ဘဏ်အကောင့်များအား Hack ၍ ငွေများ လွှဲပြောင်းခိုးယူရန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းကွင်းရှိ ကမ္ဘောဇဘဏ်တွင် အကောင့်အမှတ် ×××××××××× ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

၎င်းနောက် ရှမ်းရွှေတောင် စားသောက်ကုန်လုပ်ငန်းပိုင်ရှင် ဦးမျိုးဝင်းအောင်၏ မန္တလေးမြို့၊ ကမ္ဘောဇဘဏ်ခွဲ(၄)တွင် ဖွင့်လှစ်ထားသော အကောင့် ××××××××× အား Hack ၍ ၎င်း၏ အကောင့်သို့ ခိုးယူလွှဲပြောင်းရယူကာ ထိုမှတစ်ဆင့် မဆွေဆွေသန့် အမည်ဖြင့် ဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ်အကောင့်သို့ ထပ်မံလွှဲပြောင်းရယူပြီး စမ်းချောင်းမြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲ၌ ငွေကျပ် သိန်း(၁၇၀)နှင့် ငွေကျပ်(၉၉၅၀၀၀)တို့အား (၂)ကြိမ်သွားရောက်ထုတ်ယူခဲ့ကြောင်း သိရှိရပြီး မကွေး တိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် မလမင်းချိုအမည်ပါ နိုင်ငံသားစိစစ်ရေးကတ်အား ထုတ်ပေး ထားခြင်းရှိ/မရှိ မေးမြန်းခဲ့ရာ ထုတ်ပေးထားခြင်းမရှိကြောင်း ပြန်ကြားလာသောကြောင့် သြဂုတ်လ ၃၀ ရက်နေ့တွင် အရေးယူပေးရန် တိုင်တန်းချက်အရ မလမင်းချို(ခ)မဆွေဆွေသန့် ပါ(၃)ဦးအား မင်္ဂလာ တောင်ညွန့်မြို့မရဲစခန်း(ပ)၄၅၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈/၄၇၁ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
နိုင်ငံသားစိစစ်ရေးကတ်အတုဖြင့် ဘဏ်အကောင့်များ Hack ၍ ငွေထုတ်ယူသူများအား အမှုဖွင့်အရေးယူထား နိုင်ငံသားစိစစ်ရေးကတ်အတုဖြင့် ဘဏ်အကောင့်များ Hack ၍ ငွေထုတ်ယူသူများအား အမှုဖွင့်အရေးယူထား Reviewed by THITHTOOLWIN on 08:55 Rating: 5
Powered by Blogger.