ခရီးသည်တင်ယာဉ်နှင့် ထော်လာဂျီသဲတင်ကား မျက်နှာချင်းဆိုင်တိုက် တစ်ဦးသေ ရှစ်ဦးဒဏ်ရာရ


ရန်ကုန် စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ် ဥက္ကံကျေးရွာ မိုင်တိုင်အမှတ် ၆၃/၇ အနီး တွင် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက YOMA Express ခရီးသည်တင်ယာဉ် နှင့် နှစ်လုံးထိုးထော်လာဂျီသဲတင်ယာဥနှင့် မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး ရှစ်ဦးထိခိုက် ဒဏ်ရာရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဥက္ကံရွာမ ရန်ကုန် ပြည်လမ်း မိုင်တိုင်အမှတ် ၆၃/၇ အနီးတွင် ပြည်ဘက်မှ ရန်ကုန် ဘက်သို့ ယာဉ်မောင်းရဲကို (စုံစမ်း ဆဲ)မောင်းနှင်လာသော Ayy- 8H/---နံပါတ်တပ်အမျိုးအစား YOMA Express အဖြူရောင် ခရီးသည်တင်ယာဉ်နှင့် ရန်ကုန် ဘက်မှပြည်ဘက်သို့ သုံးဆယ်မြို့ ငဖြူလေးရွာနေ ကိုမိုးဒီမောင်း နှင်လာသော ယာဉ်အမှတ်မပါ၊ နှစ်လုံးထိုး ထော်လာဂျီ(အကြီး) သဲတင်လေးဘီးကားကို ကားလမ်း မအလယ်တွင် မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိသဖြင့် နှစ်ဖက် ယာဉ်ပေါ်ပါ လူများထိခိုက်ဒဏ် ရာရရှိခဲ့ပြီးထော်လာဂျီယာဉ်မောင်း မိုးဒီ (၂၈နှစ်) ငဖြူလေးအုပ်စု သုံးဆယ်မြို့နေသူမှာသေဆုံးသွားခဲ့ ပြီးဦးကုလား(၆၅)နှစ်ငဖြူလေးရွာ၊ အောင်ကိုကို(၂ဝနှစ်) မြန်အောင်မြို့၊ ဦးသောင်းထွန်း (၅၆နှစ်)၊ ကိုနန်း ဦးမောင် (၁၉နှစ်)၊ကိုရှိုင်း (၁၈ နှစ်)၊ မောင်နောင်နောင် (၁၆နှစ်)၊ ကိုဆန်းမင်းဝင်း(၂၂နှစ်)၊ ကိုဇော် မင်း(၄၂နှစ်)သုံးဆယ်မြို့နေသူများ သည် ထိခိုက်ဒဏ်ရာရရှိသဖြင့် ဥက္ကံဆေးရုံသို့တင်ပို့ခဲ့ရသည်။ ယာဉ် အားမဆင်မခြင်မောင်းနှင်ခဲ့ကြသူ ရဲကိုနှင့်မိုးဒီယာဉ်မောင်းနှစ်ဦးအား ဥက္ကံရဲစခန်းမှယာဉ်(ပ)၁၉/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/ ၃ဝ၄-က/၂ဝ၂ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ထွန်းလှိုင်(မြိုင်)
The Union Daily
https://www.facebook.com/uniondaily.net
ခရီးသည်တင်ယာဉ်နှင့် ထော်လာဂျီသဲတင်ကား မျက်နှာချင်းဆိုင်တိုက် တစ်ဦးသေ ရှစ်ဦးဒဏ်ရာရ ခရီးသည်တင်ယာဉ်နှင့် ထော်လာဂျီသဲတင်ကား မျက်နှာချင်းဆိုင်တိုက် တစ်ဦးသေ ရှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.