လှည်းကူးမြို့နယ်၌ တစ်သောင်းကျပ်တန် ငွေစက္ကူ အတုများ သိမ်းဆည်းရမိ


လှည်းကူး - စက်တင်ဘာ ၁၅

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ စက်တင်ဘာ ၁၂ ရက် ညနေ ၄ နာရီ ၅ မိနစ်ခန့်တွင် နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် တစ်သောင်းကျပ်တန် ငွေစက္ကူ အတုများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ ရက် ညနေ ၄ နာရီ ၅ မိနစ်ခန့်တွင် ဒုရဲအုပ် သန်းမြတ်စိုးနှင့် အဖွဲ့သည် ဟိုင်းကူးကျေးရွာအုပ်စု၊ ဥယျာဉ်ဝကျေးရွာအတွင်း နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ဥယျာဉ်ဝ ကျေးရွာတွင် အမည်မသိအမျိုးသားတစ်ဦးမှ ငွေစက္ကူ အတုများဖြင့် ဈေးလိုက်လံဝယ်ယူနေကြောင်း သတင်းအရ လိုက်လံစုံစမ်းရာ ဥယျာဉ်ဝကျေးရွာ အလကကျောင်းရှေ့တွင် ဌေးဝင်း(၃၁)နှစ် အား တွေ့ရှိစစ်ဆေးရာ ဌေးဝတ်(၃၁)နှစ် ဝတ်ဆင်ထားသော အင်္ကျီဝဲဘက်အိပ်ကပ်အတွင်းမှ အတုဟုယူဆရသော တစ်သောင်းကျပ်တန် AG/ကဆ-၄၈၆၀၄၅၇(၁)ရွက်၊ AG/ကဆ-၄၈၆၀၄၆၆(၁)ရွက်၊ AG/ကဆ-၄၈၆၀၄၇၈ (၁)ရွက်၊ AG/ကဆ-၄၈၆၀၄၈၇(၂)ရွက်၊ AG/ကဆ-၄၈၆၀၄၉၀(၁)ရွက်၊ AG/ကဆ-၄၈၆၀၄၉၆(၁)ရွက် စုစုပါင်း(၇)ရွက်နှင့် Oppo အမျိုးအစား (ဆင်းကဒ်အမှတ် ၀၉------- ၊ ၀၉------- ) နံပါတ်ပါ အနက်ရောင် လက်ကိုင်ဖုန်းတစ်လုံးအား ရှာဖွေတွေ့ရှိသဖြင့် သက်သေများရှေ့တွင် ဒုရဲအုပ် သန်းမြတ်စိုးမှ ရှာဖွေပုံစံဖြင့် ပြု လုပ် သိမ်းဆည်းကာ ငွေစက္ကူ အတုများအား လက်ဝယ်ကိုင်ဆောင် အသုံးပြုသူ ဌေးဝင်း(၃၁)နှစ်နှင့် အပေါင်းအပါ များအား ဖောင်ကြီးနယ်မြေရဲစခန်းက က အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လှည်းကူးမြို့နယ်၌ တစ်သောင်းကျပ်တန် ငွေစက္ကူ အတုများ သိမ်းဆည်းရမိ လှည်းကူးမြို့နယ်၌ တစ်သောင်းကျပ်တန် ငွေစက္ကူ အတုများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.