မက်ဆေးဆေးဆု ခြောက်ဦးရရှိ

(ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ပြုလုပ်တဲ့ Ramon Magsaysay ဆုပေးပွဲကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က တွေ့ရစဉ်)/Photo: NOEL CELIS / AFP
အာရှတိုက်က နိုဘယ်ဆုလို့ သတ်မှတ်တဲ့ Ramon Magsaysay ဆုပေးပွဲကို ဖိလစ်ပိုင်နိုင်ငံမှာ မနေ့က ကျင်းပပါတယ်။

အာဏာရှင် ခမာနီလက်ထက်အကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ ကူညီတဲ့ ကမ္ဘောဒီးယားတစ်ဦး၊ လမ်းပေါ်ရောက် ထောင်နဲ့ချီတဲ့ စိတ္တဇဝေဒနာရှင်တွေ ကယ်ဆယ်ရေးလုပ်ငန်းမှာ ဦးဆောင်တဲ့ အိန္ဒိယ စိတ်ရောဂါကုသမားတော်ကြီး တစ်ဦးအပါအ၀င် အာရှတိုက်သား ၆ ဦးက ဆုလက်ခံရယူပါတယ်။

ဒီနှစ်ဦးအပြင် ကွန်မြူနစ်သူပုန်တွေနဲ့လုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဦးဆောင်သူ ဖိလစ်ပိုင်တစ်ဦး၊ မသန်စွမ်းသူတွေကို အဆင့်အတန်းခွဲခြားဆက်ဆံတာကို တိုက်ဖျက်တဲ့ ပိုလီယိုဝေဒနာရှင် ဗီယက်နမ်တစ်ဦး၊ ပြည်တွင်းစစ်ပွဲဖြစ်နေတဲ့ကြားကနေ ဆင်းရဲသားတွေကို ကူညီစောင့်ရှောက်မယ့် ဂေဟာတွေ တည်ဆောက်သူ အရှေ့တီမောတစ်ဦးနဲ့ ကျေးလက်ကကျောင်းသားတွေ စာမေးပွဲအောင်မြင်အောင် ဖြေဆိုနိုင်ဖို့ စာပြပေးတဲ့ အိန္ဒိယတစ်ဦးတို့လည်း ဆုဆွတ်ခူးပါတယ်။

၁၉၅၇ ခုနှစ်တုန်းက လေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားတဲ့ ဖိလစ်ပိုင်သမ္မတကို အစွဲပြုလို့ Ramon Magsaysay ဆု ချီးမြှင့်တာဖြစ်ပြီး ဆုရှင်စာရင်းကို ဇူလိုင်လက ကြေညာခဲ့ပါတယ်။

ဆုရှင်တစ်ဦးဖြစ်တဲ့ ခု အသက် ၅၇ နှစ်အရွယ် Youk Chhang ရဲ့ ဖခင်၊ ညီအစ်ကိုမောင်နှမ ၅ ယောက်နဲ့ ဆွေမျိုး ၆၀ နီးပါးဟာ ခမာနီလက်ထက်မှာ အသတ်ခံခဲ့ရပါတယ်။ သူဟာ အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်အဖြစ်လွတ်မြောက်လာပြီး ခမာနီလက်ထက် စစ်ခုံရုံးတင်စစ်ဆေးတဲ့အခါ အချက်အလက် ပံ့ပိုးပေးနိုင်မယ့် အထောက်အထားတွေ စုဆောင်းတဲ့ ဌာနကို မိခင်နိုင်ငံမပြန်ခင်မှာ ဦးဆောင်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မက်ဆေးဆေးဆု ခြောက်ဦးရရှိ မက်ဆေးဆေးဆု ခြောက်ဦးရရှိ Reviewed by THITHTOOLWIN on 10:30 Rating: 5
Powered by Blogger.