ကမ္ဘောဒီးယားနိုင်ငံဘုရင် ပုံမှန်ဆေးစစ်မှုခံယူရန် တရုတ်နိုင်ငံသို့ ထွက်ခွာ

ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် နိုရိုဒွန်သီဟာမိုနီ နှင့် မယ်တော် နိုရိုဒွန်မိုနီနိုတ် တို့ အားတွေ့ ရစဉ် (ဆင်ဟွာ)
ဖနွမ်းပင် ၊ စက်တင်ဘာ ၁ဝ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံဘုရင် နိုရိုဒွန်သီဟာမိုနီသည် ၄င်း၏ မယ်တော်ဖြစ်သူ မိဖုရားဟောင်း နိုရိုဒွန်မိုနီနိတ်(Norodom Monineath) လိုက်ပါလျက် ပုံမှန်ဆေးစစ်မှုခံယူရန် ယနေ့ စက်တင်ဘာ ၁ဝ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ သို့ ထွက်ခွာသွားကြောင်း သိရသည်။

တော်ဝင်မိသားစုအား ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန် နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Xiong Bo အပါအဝင် အခြား အဆင့်မြင့် အရာရှိကြီးများ က ဖနွမ်းပင်နိုင်ငံတကာလေဆိပ်သို့ လိုက်ပါပို့ ဆောင် နှုတ်ဆက်ခဲ့ကြသည်။

တော်ဝင်မိသားစုမှ ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် သက်တော် ၆၅ နှစ်အရွယ်ရှိ ဘုရင် သီဟာမိုနီသည်  ဆေးစစ်ရန် နှင့် ဆေးကုသမှုခံယူရန် အတွက် တရုတ်နိုင်ငံ ပေကျင်းမြို့ သို့ သွားရောက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

“ ဘုရင်မင်းကြီး နိုင်ငံအတွင်းမရှိချိန်မှာ တိုင်းပြည်ဥသျှောင်ရာထူးကို လွှတ်တော်ဥက္ကဋ္ဌ Samdech Say Chhum က ယာယီ တာဝန်ယူထမ်းဆောင်သွားမှာဖြစ်ပါတယ်” ဟု ဆိုသည်။

ဘုရင်ကြီးသည် တစ်နှစ်လျှင် နှစ်ကြိမ် ပေကျင်းမြို့ သို့ သွားရောက်၍ ဆေးစစ်မှုပြုလုပ်လျက်ရှိကြောင်း ၊ ၄င်း၏ နောက်ဆုံး ဆေးစစ်မှု နှင့် ဆေးကုသမှုမှာ ပြီးခဲ့သော ဖေဖော်ဝါရီလ တွင်ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ကမ္ဘောဒီးယားနိုင်ငံဘုရင် ပုံမှန်ဆေးစစ်မှုခံယူရန် တရုတ်နိုင်ငံသို့ ထွက်ခွာ ကမ္ဘောဒီးယားနိုင်ငံဘုရင် ပုံမှန်ဆေးစစ်မှုခံယူရန် တရုတ်နိုင်ငံသို့ ထွက်ခွာ Reviewed by THITHTOOLWIN on 11:10 Rating: 5
Powered by Blogger.